ဝေါ သြဂုတ် (၁၆)
ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ပိုင်လေးအိမ်စု ကျေးရွာ ကွေ့ကြီးကျေးရွာအုပ်စု ဖိုးစိန္ဒာစုကျေးရွာများတွင် ယခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ ညနေ(၃) နာရီကျော်အချိန်ခန့် က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၄၀)နီးပါးအမိုးလန် ပြိုကြ ပျက်စီးခဲ့ကြောင်း ဝေါမြို့ခံတစ်ဦးထံက သတင်းရ ရှိသည်
"ညနေ ပိုင်းလောက်မှာ စဖြစ်တာ လူအသေအပျောက်တော့မရှိဘူး အိမ်ခေါင်မိုးလန်တဲ့အိမ်လန်တယ် တချို့ငယ်တဲ့အိမ်တွေပြိုတယ် သစ်ပင်တွေအိမ်တွေပေါ်ကိုလဲကြတယ် လောလောဆယ်တော့နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ဘုန်းတော်ကြီးကျောင်းတွေမှာခဏသွားနေကြတယ် "ဟု လေပြင်းတိုက်မှုကြောင့် နေအိမ်ပြိုကြ ပျက်စီးခဲ့သူ လေးအိမ်စုကျေးရွာသားတစ်ဦးက ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လေးအိမ်စုကျေးရွာတွင် ဝါးခင်း ထရံကာ တောင်ထန်းမိုး လူနေအိမ် (၇)လုံးပျဉ်ခင်းပျဉ်ကာ သွပ်မိုးလူနေအိမ်(၁)လုံး ပြိုကြပျက်စီးပြီး လူနေအိမ် (၅၆)လုံးသွပ်မိုးများလန်ထွက်၍နေအိမ်(၄လုံးသစ်ပင်ပိခဲ့ကြောင်း အလားတူ ဖိုးစိန္ဒာစုကျေးရွာတွင်လည်း ပြိုကြပျက်စီးအမိုးလန်သစ်ပင်ပိသည့် လူနေအိမ်ပေါင်း (၆၈)လုံးရှိပြီး ကျေးရွာနှစ်ရွာပေါင်း လူနေအိမ်(၁၃၆)လုံးလေပြင်းဒဏ်သင့်ခဲ့ပြီးကာလတန်ဖိုးငွေကျပ် သိန်း(၁၄၀)နီးပါးပျက်စီးဆုံးရှုံးခဲ့သည်ဟု ဝေါမြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လေဘေးသင့်ကျေးရွာသားများအား ဝေါမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းအောင် မြို့နယ်ပညာရေးမှူး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ နှင့်တာဝန်ရှိသူများမှသွားရောက်ကြည့်ရှုခဲ့ပြီးလတ်တလော နေရေးထိုင်ရေးကိစ္စများအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ယာယီစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းဆက်လက်သိရှိရသည်
Waw Media Page
လေပြင်းတိုက်ခတ်မှု ကြောင့် လူနေအိမ်(၁၄၀)နီးပါး ပျက်စီးဆုံးရှုံး
Reviewed by THITHTOOLWIN
on
02:02
Rating:
