မိုးမောက်မြို့၌ ရေကြီးရေလျှံမှု ဖြစ်ပွား


ဗန်းမော် သြဂုတ် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အလင်းကောင် ရပ်ကွက် အုပ်စု (၅)(၆) တို့တွင် နတ်မောက် ချောင်းတို့တွင် နတ်မောက်ချောင်းတောင် ကျရေမြင့် တက်မှုကြောင့် ယနေ့ နံနက် ၄ နာရီ၌ အိမ်ထောင်စု(၅၀)နှင့် အမက (၂)ကျောင်းဝန်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။


အဆိုပါ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် လူအသေ အပျောက်မရှိသော်လည်း အိမ်သုံး ပစ္စည်းများနှင့် အိမ်မွေး တိရိစ္ဆာန်များ ရေထဲမျှောပါခြင်း၊ သောက်ရေနှင့် အစားအသောက်များ လိုအပ်ခြင်းများကြုံတွေ့နေရသော်လည်း ယနေ့ နံနက် (၁၀)နာရီ (၅၀)မိနစ်ခန့် တွင် ဌာနဆိုင်ရာများ၊ ရှမ်းရိုးရာယဉ်ကျေးမှုအသင်းများမှ ထမင်းဗူးများ ဖြန့်ဝေပေးခြင်းနှင့် စေတနာမိုး အသင်းမှ သောက်ရေသန့်များ အချိန်နှင့် တပြေးညီ လာရောက် လှူဒါန်း လျက်ရှိပြီး ၁၁ နာရီ အချိန် ခန့် တွင် ရေများ ကျသွားကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးမောက်မြို့၌ ရေကြီးရေလျှံမှု ဖြစ်ပွား မိုးမောက်မြို့၌ ရေကြီးရေလျှံမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:03 Rating: 5
Powered by Blogger.