ကျောင်းဆရာမနှစ်ဦး ငမင်ချောင်း ဖြတ်ကူးရာမှ ရေစီးနောက်မျောပါ၊ တစ်ဦး ပျောက်ဆုံးလျက်ရှိ


 ကျောင်းဆရာမနှစ်ဦး ငမင်ချောင်း ဖြတ်ကူးရာမှ ရေစီးနောက်မျောပါ၊ တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်တစ်ဦး ပျောက်ဆုံးလျက်ရှိ

တောင်တွင်းကြီး သြဂုတ် ၂၇

 သြဂုတ်လ (၂၇)ရက်နေ့ က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မိုးများအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ငမင်ချောင်းရေများ ရုတ်တရက် ကျဆင်း လာပြီး ချောင်းအတွင်း ဖြတ်ကူးနေသည့် ကျောင်းဆရာမ နှစ်ဦး ရေစီးနှင့်မျောပါခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ အောင်းစုကျေးရွာနေ မလင်းစန္ဒာ၊ ငမင်ရွာနေ ကိုရန်နိုင်လင်း၊ ကရင်စုကျေးရွာနေ မမေဇင်ခိုင်တို့ သည် ငမင်အုပ်စု အမှတ်(၁၅၉) ပိတ်ဆွယ် ခုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ တာဝန်ထမ်းဆောင်ရန် ငမင်ကျေးရွာမှ အကျယ် ၅၀ ပေခန့်ရှိ ငမင်ချောင်းအား ဖြတ်ကူးစဉ် ရုတ် တရက် တောင်ကျချောင်းရေများ ကျဆင်းလာပြီး ဆရာမမလင်းစန္ဒာနှင့် မမေဇင်ခိုင် တို့ နှစ်ဦးမှာ ရေစီးနောက်မျောပါသွားခဲ့ရာ မမေဇင်ခိုင် အား ဒေသခံ တစ်ဦးမှတွေ့မြင် ကယ်ဆယ်နိုင်ခဲ့သော်လည်း မလင်းစန္ဒာ မှာ ရေစီးနှင့် အတူမျောပါပျောက်ဆုံးနေခဲ့ သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများမှ ငမင်ချောင်းရိုးတစ်လျှောက် လိုက်လံ ရှာဖွေ ခဲ့ သော်လည်း ယခုအချိန်အထိ ရှာဖွေ၍ မတွေ့သေးကြောင်း သိရသည်။

နိုင်ဝင်း
တောင်တွင်းကြီးမြို့ (ပြန်ဆက်)
https://www.facebook.com/MOIWebportalMyanmar
ကျောင်းဆရာမနှစ်ဦး ငမင်ချောင်း ဖြတ်ကူးရာမှ ရေစီးနောက်မျောပါ၊ တစ်ဦး ပျောက်ဆုံးလျက်ရှိ  ကျောင်းဆရာမနှစ်ဦး ငမင်ချောင်း ဖြတ်ကူးရာမှ ရေစီးနောက်မျောပါ၊ တစ်ဦး ပျောက်ဆုံးလျက်ရှိ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.