![]() |
မြစ်ထဲကျသွားသည့် ဘတ်စ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်) |
နီပေါနိုင်ငံ အလယ်ပိုင်း၌ ဘတ်စ်ကား မတော်တဆမှုကြောင့် လူပေါင်း ၂၀ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်က ပြောသည်။
အဆိုပါ မတော်တဆမှုသည် ခတ္တမန္ဒူမှ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးသော ချစ်ဝမ် ခရိုင် နာရေးရန်ဂါရ်- မဂ္ဂလင်း လမ်းမတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ဘတ်စ်ကားသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၃း၀၀ နာရီတွင် နီပေါနိုင်ငံ အနောက်ပိုင်း ပိုခါရာသို့ သွားရာ လမ်းခရီး၌ ချစ်ဝမ် ခရိုင် ချန်ဒဘ်ဟန်ဂျန် ကျေးရွာရှိ လမ်းမပေါ်အရောက် ရုတ်တရက် လမ်းချော်ကာ ကီလိုမီတာ ၁၀၀ ခန့် ထိုးဆင်းပြီး ထရီရှုလီမြစ်အတွင်းသို့ ထိုးကျသွားကြောင်း အဆင့်မြင့် ရဲအရာရှိ ဘက်ရှ်ဟန်တာ ရစ်ဂ်ျ ကွန်ဝါက ပြောသည်။
ယခု မတော်တဆမှုသည် နီပေါနိုင်ငံ၌ ၁၅ နှစ်အတွင်း ဒုတိယမြောက် လူများစွာ သေဆုံးခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း မြို့တော် ခတ္တမန္ဒူနှင့် ၁၀၀ ကီလိုမီတာခန့် ကွာဝေးသည့် ဆင်းဒ်ဟပ်ပါးလ်ချောက် ခရိုင်၌ ဖြစ်ပွားခဲ့သည့် ကားတိုက်မှုတွင် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
နီပေါတွင် ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၂၀ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:24
Rating:
