လေယာဉ်မှူး အမျိုးသမီးတစ်ဦးက အသံလွှင့်ဌာနတစ်ခုမှ မန်နေဂျာအမျိုးသမီးကို ခိုးယူပေါင်းသင်းကာ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုတွေ ပြုလုပ်မှု့ ကြောင့် တိုင်ချက်ဖွင့်

ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါတယ်။
ယောင်္ကျားစိတ်ပေါက်နေသူ လေယာဉ်မှူးက အမျိုးသမီးတစ်ဦးကို ခိုးယူပေါင်းသင်းမှုဖြစ်ပွား

ယောင်္ကျားစိတ်ပေါက်နေသူ လေယာဉ်မှူးတစ်ဦးက အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခိုးယူပေါင်းသင်းနေထိုင်ကြောင်း ဖခင်ဖြစ်သူက တိုင်ကြားခဲ့တဲ့အမှု သြဂုတ်လ(၁၆)ရက်နေ့က ကမာရွတ်မြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်ကတော့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ ယောင်္ကျားစိတ်ပေါက်နေတဲ့ လေယာဉ်မှူးတစ်ဦးက အသံလွှင့်ဌာနတစ်ခုမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေတဲ့ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အခုနှစ်ဧပြီလ (၁၃)ရက်ကတည်းက အလုပ်မှအပြန် သွေးဆောင်ဆွဲခေါ် ခိုးယူပေါင်းသင်းခဲ့တယ်လို့ တိုင်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 အဲဒီကတည်းက သမီးဖြစ်သူနဲ့ အဆက်အသွယ်မရခဲ့ဘဲ သြဂုတ်လ (၁၃)ရက်ရောက်မှ သမီးဖြစ်သူက ဖုန်းနဲ့ဆက်သွယ်ပြီး သူ့ကိုဒဂုံမြို့သစ်မြောက်ပိုင်းမှာ ပေါင်းသင်းနေထိုင်နေကြောင်း၊ ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုတွေ ပြုလုပ်ကြောင်း ပြောပြခဲ့တဲ့အတွက် ဖခင်ဖြစ်သူက အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်တယ်လို့ တိုင်ချက်ထဲမှာရေးသားထားပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမာရွတ်မြို့မရဲစခန်းက ပြစ်မှုနံပါတ် (၄၈၅/ ၂၀၁၆) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၆၆/၃၇၇) အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ