ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော် ရေနစ်မြုပ်

ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်းနှင့် လယ်မြေဧက ၂၂၀၀. ရေနစ်မြုပ်
ကျောင်းကုန်း၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တွင် ဒါးကမြစ်ရေ လျှံတက်လာမှုကြောင့် သြဂုတ် ၇ ရက်နေ့ နံနက် ရေအမှတ် (၁၆.၆)ပေ သို့ ရောက် ရှိနေရာ ရပ်ကွက်(၂)ခု၊ကျေးရွာအုပ်စုကြီး(၃)ခုမှ ရွာခွဲ (၁၀) ရွာ စုစုပေါင်း အိမ်ခြေ(၇၀၀)ကျော် ရေနစ်မြုပ်ပြီ ဖြစ်သည်။ ထပ်မံတိုးသည့် ရပ်ကွက် မှာ အမှတ် (၃) ရပ်ကွက် ဖြစ်ပြီး၊ အိမ်ခြေ (၅၈)အိမ်၊လူဦးရေ(၂၁၆)ဦး ထပ်မံရေ နစ်မြုပ် လျှက် ရှိပြီး ၊ရေလွတ်သည့်နေရာ သို့ ရွှေ့ပြောင်းပေးထား ကြောင်းနှင့် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။


ယနေ့ ထပ်မံ ရေနစ်မြုပ်သည့် စာသင်ကျောင်းမှာ အ.ထ.က (ဂုန်မင်း)ဖြစ် ၍ ကျောင်းကုန်းမြို့နယ်တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အထက် တန်းကျောင်း ခွဲ(၁)ကျောင်း၊ အလယ်တန်းကျောင်းခ (၁)ကျောင်း၊ မူလ တန်း ကျောင်း(၉)ကျောင်း၊စုစုပေါင်း စာသင်ကျောင်း(၁၂)ကျောင်း ယာယီ ပိတ် ထားပြီး ရေပြန် ကျသွားချိန်တွင် အစားထိုးသင်ကြားပေးသွားမည် ဖြစ်ကြောင်း ပညာရေးမှူး ရုံးမှ သိရသည်။


ကျောင်းကုန်းမြို့နယ် အတွင်းရှိ ရေနစ်မြုပ်သော လယ်ဧကမှာ (၂၂၀၀) ဧက ရေနစ်မြုပ်သွား ကြောင်း မြေစာရင်း ဌာနမှသိရသည်။

ကျောင်းကုန်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော် ရေနစ်မြုပ် ကျောင်းကုန်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ ကျော် ရေနစ်မြုပ် Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.