ကြေကွဲဝမ်းနည်းခြင်း - မန္တလေးအခြေစိုက်သတင်းထောက်တဦး ကွယ်လွန်


မန္တလေး ချမ်းအေးသာစံမြို့နယ် ၆၈ လမ်း x ၆၉လမ်းကြား လမ်း ၃၀ လမ်းမကြီးပေါ်တွင် သြဂုတ်လ ၆ ရက်နေ့ ည ၁၁ အချိန်က ကားတဏီက နောက်မှ ဝင်တိုက်ခြင်း ခံခဲ့ရ၍ မန္တလေးပြည့်သူဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေရာမှ ယနေ့ နေလယ် ၁ နာရီအချိန်ခန့်က ဘဝတပါးသို့ပြောင်းလဲသွားကြောင်း သိရသည်။


သေဆုံးသူမှာ မန္တလေးအလင်းသတင်းစာ၏ သတင်းထောက်ချုပ်ဖြစ်ပြီး မြူငှက်ဆိုသော ကလောင်အမည်ဖြင့် စာရေးသူတယောက်ဖြစ်ကာ အမည်ရင်းမှာ မျိုးမြင့်စံဖြစ်ကြောင်း၊ ကွယ်လွန်ချိန်၌ အသက် ၃၃ နှစ်ဖြစ်ကြောင်း သိရသည်။


၎င်း၏နောက်ဆုံးခရီးကို အမရပူရမြို့နယ် တောင်အင်းမြောက်အင်းသုသာန်တွင် သြဂုတ် ၁၀ နေ့ မွန်းတည့် ၁၂ နာရီတွင် ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ သတင်းလောကသားတဦး အရွယ်မတိုင်မီ ဆုံးရှုံးခဲ့ရခြင်းအတွက် News Watch မိသားစုမှ အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ကြေကွဲဝမ်းနည်းခြင်း - မန္တလေးအခြေစိုက်သတင်းထောက်တဦး ကွယ်လွန်  ကြေကွဲဝမ်းနည်းခြင်း - မန္တလေးအခြေစိုက်သတင်းထောက်တဦး ကွယ်လွန် Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.