အမုန်းစကားတွေ လျော့ နည်းအောင် ကြိုးစားပေးဖို့ ကုလသမဂ္ဂ တိုက်တွန်း

မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်က Kempinski ဟိုတယ် မှာ တွေ့ဆုံစဉ်။ Photo: သီတဂူဆရာတော်နှင့် သီတဂူသတင်းများ
ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေအကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ နေပြည်တော်က Kempinski ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံ စဉ် ပြောလိုက်တာဖြစ်တယ်လို့ ပွဲကိုတက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအဖွဲ့ဝင် ဦးကျော်ငြိမ်း က ပြောပါတယ်။

"မြန်မာနိုင်ငံကို ကမ္ဘာကစိတ်ဝင်စားပြီး စောင့်ကြည့်နေပါတယ်၊ အမုန်းစကားတွေ ခွဲခြားဆက်ဆံမှုတွေ ကိုတော့ ကျော်လွှားနိုင်ကြဖို့ ဝိုင်းဝန်းလုပ်ကြရမယ်၊ အဲ့ဒါတွေရှိနေတာကို လျော့နည်းအောင်လုပ်ကြရမယ်၊ အဲဒီ့အတွက်လည်း ဘာသာရေးခေါင်းဆောင်ပိုင်းအနေနဲ့ တာဝန်ရှိတဲ့လူတွေက လုပ်နိုင်ကြရမယ်"

မြန်မာပြည်ရဲ့ တိုးတက်မှုဖြစ်စဉ်မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတာကြောင့် အခုလိုတွေ့ဆုံတာဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပြီး သီတဂူ ဆရာတော် အရှင်ဥာဏိဿရလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ဘဟာအီ စတဲ့ ဘာသာပေါင်းစုံကိုယ်စားလှယ် ၂၅ ဦး ခန့် တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ် ၁၀ ဦးခန့်က ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ