ငလျှင်လှုပ်ခတ်မှုကြောင့်ရမ်းဗြဲ သမိုင်းဝင်ကိုယ်ရံတောင်စေတီ ထီးတော်မြေခ


ရခိုင်ပြည်နယ်ရမ်းဗြဲမြို့ တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅နာရီ ၆မိနစ်တွင် လှုပ်ခတ်သွားသော ငလျှင်ကြောင့် ရမ်းဗြဲမြို့ကျက်သရေဆောင်သမိုင်းဝင်ကိုယ်ရံတောင်စေတီ ထီးတော်မြေခခဲ့ကြောင်းရမ်းဗြဲမြို့ ဒေသခံတစ်ဦးထံမှ သိရှိရသည်။


အဆိုပါထီးတော်မြေခသွားသောကိုယ်ရံတောင်စေတီတော်မှာအမြင့်လက်တောင်(၅၀)ရှိကာ၊လုံးပတ်လက်တောင်(၇၅ရှိပြီး၊ထီးတော်၏သုံးပုံတစ်ပုံပြိုကျသွားခြင်းဖြစ်သည်။


ရမ်းဗြဲမြို့ သမိုင်းဝင်ကိုယ်ရံတောင်စေတီတော်မှာ သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင်မြို့ အုပ်မင်းဦးနထိုးရွှီ၊ ဒေါ်ဦးဝေတို့ မှ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီးရခိုင်ဘုရင်မင်းအဆက်ဆက်ပြုပြင် မွမ်းမံတည်ထားကိုး ကွယ်ခဲ့ သောသမိုင်းဝင် စေတီတော်မြတ်တစ်ဆူဖြစ်ကြောင်းဖြစ်ကြောင်းသိရသည်။

သတင်းနှင့် ဓာတ်ပုံ / နိုင်မျိုးသူ(ရမ္မာဝတီ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/


ငလျှင်လှုပ်ခတ်မှုကြောင့်ရမ်းဗြဲ သမိုင်းဝင်ကိုယ်ရံတောင်စေတီ ထီးတော်မြေခ  ငလျှင်လှုပ်ခတ်မှုကြောင့်ရမ်းဗြဲ သမိုင်းဝင်ကိုယ်ရံတောင်စေတီ ထီးတော်မြေခ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.