မြန်မာအိမ်ဖေါ်အမျိုးသမီးအား သတ်ခဲ့သူ သားအမိ နှစ်ဦးကို စင်္ကာပူရဲက စစ်ဆေးမှုများ စတင်လုပ်ဆောင်


၊4August2016၊

မြန်မာနိုင်ငံ ချင်းပြည်နယ်မှ အမျိုးသမီး Piang Ngaih Don ပိုင်ငိုက်ဒွန် (ချင်းနံမယ် ) အသက်၂၄ နှစ်ဟာ စင်္ကာပူနိုင်ငံမှာ အိမ်ဖေါ်အဖြစ် သွားရောက် လုပ်ကိုင်နေရာမှာ သူမနေထိုင် နေတဲ့ Block 145, Bishan Street 11 လမ်း (၉)ထပ် တိုက် အဆောက်အဦးက အခန်းမှာ ဇူလိုင် ၂၅ရက်နေ့ က အသတ်ခံ ခဲ့ရ တာကြောင့် အလုပ် ရှင် သားအမိနှစ်ဦးကို ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေ တာဖြစ်ပါတယ်။


သြဂုတ်လ (၂)ရက်နေ့ မှာတော့ တရားခံ သားအမိ နှစ်ဦးကို ရဲတပ်ဖွဲ့ တွေက ၀ိုင်းရံထားကာ အခင်းဖြစ်ပွားတဲ့ နေရာကိုခေါ်လာကြင်္ပြီး မိနစ် (၉၀) ကြာ စစ်ဆေး မှုတွေပြုလုပ်ခဲ့ပါတယ်။


တရားခံဖြစ်သူ Gaiyathiri Murugayan, အသက် ၃၆ နှစ်နဲ့  မိခင် Prema Naraynasamy, အသက် (၅၈) နှစ်တို့ နှစ်ဦးကို မြန်မာအိမ်ဖေါ်ကို သတ်ခဲ့မှုနဲ့  အမှုနဲ့ ရုံးတင် တရားစွဲတော့မှာဖြစ်ပြီး တရားခံသားအမိနှစ်ဦးဟာ အပြစ် ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် သေဒဏ်အထိအပြစ်ပေးခံရနိုင် တယ် လို့ သိရပါတယ်။

သက်သေတွေစစ်ဆေးဖို့ ရဲတွေခေါ်လာတဲ့အချိန်မှာ တရားခံ သမီးဖြစ်သူ Gaiyathiri ဟာ လမ်းတောင် လမ်းလျှောက် နိုင်တော့လို့  ရဲဝန်ထမ်းတွေက တွဲခေါ်သွားခဲ့ရတာကိုလည်း တွေ့ မြင်ရပါတယ်။

(SAW)
straitstimes
Social Action for Women - SAW
မြန်မာအိမ်ဖေါ်အမျိုးသမီးအား သတ်ခဲ့သူ သားအမိ နှစ်ဦးကို စင်္ကာပူရဲက စစ်ဆေးမှုများ စတင်လုပ်ဆောင်  မြန်မာအိမ်ဖေါ်အမျိုးသမီးအား သတ်ခဲ့သူ သားအမိ နှစ်ဦးကို စင်္ကာပူရဲက စစ်ဆေးမှုများ စတင်လုပ်ဆောင် Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.