သစ်မြစ်ချောင်းရေကျော်တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား


စေတုတ္တရာ သြဂုတ် ၅

မင်းဘူးခရိုင် ၊စေတုတ္တရာမြို့နယ် အတွင်းရှိ စေတုတ္တရာ-ငဖဲ ဆက်သွယ်သည့် လမ်းအပိုင်းမှ သစ်မြစ်ချောင်း ရေကျော်အနီးတွင် သြဂုတ်လ(၅)ရက်နေ့ နံနက်(၇)နာရီခန့်က ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ငဖဲမြို့ဘက်မှ စေတုတ္တရာမြို့သို့ ကုန်များတင်ဆောင်၍ ယာဉ်မောင်း မောင်မောင်လွင် မောင်းနှင်း လာသော SF/4703 Toyoace အမျိုးအစား အဖြူရောင် ကုန်တင်ယာဉ်ကားတစ်စီးသည် သစ်မြစ်ချောင်းရေကျော် အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ယာဘက် လမ်းဘေးရှိ မြောင်းထဲသို့ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း မောင်မောင်လွင် အား ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။


အဆိုပါ သစ်မြစ်ချောင်းရေကျော်သည် သြဂုတ်လ(၄) ရက်နေ့တွင် ချောင်းရေ တိုက်စားကာ ပြိုကျ ပျက်စီးခဲ့ ပြီး၊ ခရီးသွားဒေသခံပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန် သက်ဆိုင်ရာဌာနများမှ အချိန်မီ ပြု ပြင်ပေးရန် လိုအပ်လျက်ရှိကြောင်းသိရှိရသည်။

တင်ထွန်းဦး(မင်းဘူး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သစ်မြစ်ချောင်းရေကျော်တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား  သစ်မြစ်ချောင်းရေကျော်တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:08 Rating: 5
Powered by Blogger.