ကော့သောင်းခရိုင် ပင်လယ်ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ


ကော့သောင်း သြဂုတ် ၁၅

မြန်မာနိုင်ငံရေပိုင်နက် ကော့သောင်း ခရိုင် ဆင်ကျွန်းအနောက်ဘက် ပင်လယ် ပြင်အတွင်း တရားမဝင်ငါးဖမ်းလှေ တစ်စင်းကို ပင်လယ်ပြင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တာဝန်ရှိအဖွဲ့ အစည်းတစ်ခုက သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင်ငါးဖမ်းလှေမှာ သစ်သားကိုယ်ထည် တားမြစ်ထားသည့် ဝါလတ်ခေါ်တရွတ်ဆွဲပိုက်သုံး ငါးဖမ်းလှေ ဖြစ်ပြီး ရေယာဉ်မှူး (ပဲ့နင်း) အပါအဝင် လှေလုပ်သား ခုနစ်ဦးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ယင်းလှေမှာ ထိုင်းနိုင်ငံသားပိုင်လှေဖြစ်ပြီး မြန်မာလူမျိုးအမည်ခံကာ လွန်ခဲ့သောရက်သတ္တပတ်က ထိုင်းနိုင်ငံ ရနောင်းမြို့မှ ထွက်ခွာလာကြောင်း ၊ လင်းတိုး အောင် လှေအမည်စာလုံးအားဖုံးအုပ်၍ ဆင်ကျွန်း အနောက်ဘက် ကော့သောင်းခရိုင် မြန်မာ့ပင်လယ်ပြင်အတွင်း ဝင်ရောက်ငါးခိုးဖမ်းခြင်းဖြစ်ကြောင်း သိရသည်။

ယခုကာလအတွင်း ထိုင်းနိုင်ငံ ငါးလုပ်ငန်းအား EU ၏ IUU စီမံချက်ကြောင့် ငါးဖမ်းလှေများ အဝင်၊ အထွက် တင်း$ကျပ်စွာစစ်ဆေးလျက်ရှိရာ ထိုင်းရေပိုင်နက်သို့ ပြန်မဝင်ကြတော့ဘဲ မြန်မာ့ရေပြင်ပိုင်နက်တွင် ခိုအောင်းလျက် ငါးခိုးဖမ်းနေကြ ကြောင်း၊ ဖမ်းယူရရှိသည့် ငါး၊ ပုစွန်၊ ကဏန်းများကို (ငါးသယ်လှေ)ကဲ့လှေများဖြင့် တစ်ဖက်ထိုင်းနိုင်ငံ ငါးဈေးကွက်သို့ သယ်ယူပို့ဆောင် ရောင်းချနေခြင်းဖြစ်ကြောင်း တာဝန်ရှိအဖွဲ့အစည်းများ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ငါးဖမ်းလှေနှင့် လှေလုပ်သားများအား ကော့သောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လာရောက်လွှဲပြောင်း အပ်နှံပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းဥပဒေများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကော့သောင်းခရိုင် ပင်လယ်ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ ကော့သောင်းခရိုင် ပင်လယ်ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:56 Rating: 5
Powered by Blogger.