နယ်စပ်ဒေသမှာ တရားမ၀င် ကုန်သွယ်မှုများလာတယ်လို့တင်ပြ

တရားမ၀င် ကုန်စည်စီးဆင်းမှု တားဆီးရေးစီမံချက်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့် ရှင်းလင်းပြောကြားနေစဉ်။Photo: Win Ko Ko Latt/ RFA
Mobile Team လို့ခေါ်တဲ့ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ တရားမ၀င် ကုန်သွယ်မှုတွေ များလာတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ဒီကနေ့အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်နယ်နဲ့ တိုင်း ၆ ခုမှာ တရားမ၀င် ကုန်စည်စီးဆင်းမှု တားဆီးရေးစီမံချက်ကို အကောင်အထည် ဖော်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။

နယ်စပ်ဒေသက တရားမ၀င် ကုန်သွယ်မှုတွေဟာ မသမာတဲ့ ကုန်သည်တွေနဲ့ အကျင့်ပျက်ဝန်ထမ်း တွေကြောင့် ဖြစ်တယ်လို့လည်း ၀န်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ Mobile Team အဖွဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၂ကနေ ၂၀၁၅ ခုနှစ်အထိ အကောက်ခွန်မဲ့ ပစ္စည်း ငွေကျပ်သန်းပေါင်း ၅ သောင်းကျော်ဖိုး သိမ်းဆည်းခဲ့ပြီး စားသုံးဖို့ မသင့်တဲ့ ကုန်ပစ္စည်းတန်ဖိုး ကျပ်သန်း ၂၅၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နယ်စပ်ဒေသမှာ တရားမ၀င် ကုန်သွယ်မှုများလာတယ်လို့တင်ပြ နယ်စပ်ဒေသမှာ တရားမ၀င် ကုန်သွယ်မှုများလာတယ်လို့တင်ပြ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.