ဓါတ်ငွေ့ကုမ္ပဏီတွေ ကို ဒေသခံတွေဆန္ဒပြ

၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသမှာ Total၊ Petronas နဲ့ PTTEP ကုမ္ပဏီ ၃ ခုကို ဆန္ဒပြနေစဉ်။ Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကံဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်ကြတဲ့ Total၊ Petronas နဲ့ PTTEPI ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့အကျိုးစီးပွားကို လျစ်လျူရှုနေကြတယ်ဆိုပြီး ကျေးရွာ၂ဝ က လူ ၆ဝဝ ကျော်ဟာ ကုမ္ပဏီတွေရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ကုမ္ပဏီတွေနဲ့ ဒေသခံတွေအသုံးပြုနေတဲ့လမ်းမှာ တံတားပျက်စီးနေတာကို မပြင်ပေးတာ၊ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်တာ အားနည်းတာကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြဦးဆောင်သူ ကံပေါက်ရွာသား ဦးမျိုးအောင်က ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ မိချောင်းအိုင်၊ ဖားချောင်းအင်း၊ ဖောင်းတော၊ ကောင်းမှု၊ အုန်းပင်ကွင်း၊ ပြင်ကြီး၊ ဓမင်းဆိပ် စတဲ့ကျေးရွာ ၂ဝ နီးပါးက ဒေသခံတွေပါဝင်ကြပြီး အဲ့ဒီတံတားပျက်စီးလို့ ရွာတွေကို သွားလာရတာ အခက်အခဲဖြစ်ကြရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကလည်း ဖေဖော်ဝါရီလကလည်း အဲ့ဒီကုမ္ပဏီ ၃ ခုကို လမ်းတွေအသုံးပြုပြီး ပြုပြင်မပေး တာကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကံပေါက်ဒေသမှာ ပြင်သစ်နိုင်ငံက Total၊ မလေးရှားနိုင်ငံက Petronas နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီ ၃ ခုစလုံးဟာ ကန်ဘောက်ဒေသ အုန်းပင်ကွင်းရွာမှာ ရုံးစိုက်ပြီး ၁၉၉၃ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို ဓာတ်ငွေ့တင်ပို့ နေကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
ဓါတ်ငွေ့ကုမ္ပဏီတွေ ကို ဒေသခံတွေဆန္ဒပြ  ဓါတ်ငွေ့ကုမ္ပဏီတွေ ကို ဒေသခံတွေဆန္ဒပြ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.