တရုတ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးတထောက် သွားရောက်မည့် တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့တော် ရှီးအန်း


တရုတ်နိုင်ငံအနောက်ပိုင်းရှိ ထွန်းသစ်စမြို့တစ်မြို့ဖြစ်တဲ့ ရှီးအန်းမြို့ဟာ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ခရီးသွားလာရေး နှင့် ယဉ်ကျေးမှုထွန်းကားတဲ့ မြို့လို့ပြောရလျှင်မမှားပါဘူး။ ရှီးအန်းမြို့ဟာ တရုတ်နိုင်ငံ၏အတွင်းပိုင်း မြစ်ဝါမြစ်ဝှမ်း အလယ်ပိုင်းရှိ ဆန်းရှီးပြည်နယ် ဝေ မြစ်ဝှမ်းဒေသ မြေနိမ့်လွင်ပြင်မှာတည်ရှိပါတယ်။မြို့က ဧရိယာစတုရန်းကီလိုမီတာ တစ်သောင်းနီးပါးရှိပြီး လူဦးရေ ၈ သန်းကျော်ရှိပါတယ်။


တရုတ်လူမျိုးတို့မှာ ဆိုးရိုးတစ်ခုလည်းရှိပါတယ်။ “ နှစ်နှစ်ဆယ်ရဲ့တရုတ်နိုင်ငံကိုကြည့်လျှင် ဆန်းကျန့်ကိုကြည့်၊ နှစ်တစ်ရာရဲ့တရုတ်နိုင်ငံကို ကြည်လျှင် ရှန်ဟိုင်းကိုကြည့်၊ နှစ်တစ်ထောင်ရဲ့ တရုတ်နိုင်ငံကို ကြည့်လျှင် ပေကျင်းကိုကြည့်၊ နှစ်ငါးထောင်ရဲ့ တရုတ်နိုင်ငံကို ကြည့်လျှင် ရှီးအန်းကိုကြည့် လို့” ရှီးအန်းမြို့ရဲ့ ရှည်ကြာတဲ့ သမိုင်းကြောင်းကို ရည်ညွှန်းခဲ့ပါတယ်။


ရှီးအန်းကိုယခင်က “ ချန်အန်း” လို့ခေါ်ပြီး တရုတ်နိုင်ငံ့သမိုင်းထဲက မင်းဆက်ပေါင်း ၁၃ ဆက်က ၄င်းဒေသမှာမြို့တည်ကာ အာဏာတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ BC နှစ်ရာစုလောက်မှာတော့ ဟန်ဝူတိ ဟာ အနောက်ဟန်မင်းဆက်ဒေသကို တိုးချဲ့ရန်အတွက် သံတမန် ကျန်းချန်ကို အနောက်ဒေသများသို့ နှစ်ကြိမ်တိုင်တိုင်စေလွတ်ခဲ့ကာ ချန်အန်းမှ တစ်ဆင့် ဥရောပ၊ အာရှ နှင့် အာဖရိက တို့နှင့် ကုန်သွယ်ရေးပိုးလမ်းမကြီးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါဟာ တရုတ်နိုင်ငံသမိုင်းမှာ အနောက်နိုင်ငံတွေနဲ့ ပထမဆုံး စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီကစပြီး နှစ်တစ်ထောင်အတွင်း ချန်အန်းဟာ တရုတ်နိုင်ငံနဲ့အနောက်ကမ္ဘာတို့အကြား ယဉ်ကျေးမှုဖလှယ်ရာမှာ အရေးပါတဲ့ နေရာဖြစ်လာခဲ့ပါတယ်။ အနောက်တိုင်းသားများရဲ့ အမျိုးဘာသာယဉ်ကျေးမှုတွေကို ဒီနေရာမှာ ရောနှောပေါင်းစပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ထူးခြားသောယဉ်ကျေးမှုသမိုင်းအမွေအနှစ်တွေနှင့် ပြည့်နှက်နေတဲ့ ယနေ့ခေတ်ရှီအန်းကို တွေ့မြင်ရမည်ဖြစ်သည်။

တစ်ချိန်က မင်းဆက်အများအပြား၏ မြို့တော်ဖြစ်ခဲ့သောကြောင့် ရှီးအန်းမှာ သမိုင်းဆိုင်ရာခရီးသွားအမွေအနှစ်များနှင့် ပြည့်နှက်လျက်ရှိပါတယ်။ ၄င်းတို့ထဲမှ ချင်စီဟွမ် ဂူဗိမာန်၊ ရှေးဟောင်းစစ်သည်တော်များရုပ်တု၊ ဒါယန်းစေတီတော်၊ ဟွာချင်းရေကန်၊ ချန်လုံဘုရင်ဂူမိမာန်၊ ဖာမန်ဘုရားကျောင်း အစရှိသည်တို့မှာ ပြည်တွင်းသာမက ပြည်ပတွင်ပါ နာမည်ကြီးတဲ့ သမိုင်းဆိုင်ရာ အထင်ကရနေရာများပင်ဖြစ်သည်။ ရှီးအန်းမြို့မှာရှိတဲ့ အစားအသောက်တွေက တရုတ်ဒေသ အစားအသောက်ကောင်းတွေထဲမှ တစ်ခုပင်ဖြစ်သည်။ ဆန်ရှီးဒေသအစားအစာ ဆိတ်သားဟင်းရည်နှင့်တွဲဖက်စားရသောမုန့်ပဲသရေစာမှာ လာသမျှ ခရီးသွားတွေကို ရနံ့တလှိုင်လှိုင်ဖြင့် မွေးကြိုင်စွဲဆောင်နေပါတယ်။ ဟင်းရည်ကိုသောက်လိုက်ရင် မျက်ရည်ထွက်မတတ်စပ်သွားပါလိမ့်မယ်။ဒါဟာ ရှီအန်းရဲ့ အမှတ်သင်္ကေတပါ။လက်ရှိ တရုတ်နိုင်ငံ သမ္မတ ရှီကျင်ဖိန် ဟာလည်း ဆန်ရှီးပြည်နယ် ဖုဖိန်ခရိုင်သားဖြစ်ပြီး ရှီးအန်းမြို့နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဒေသပါ။


တရုတ်နိုင်ငံ က ခေတ်သစ်မှာ “ One Belt One Road” စီမံကိန်း အကောင်အထည်ဖော်လာခဲ့သည့် အားလျှော်စွာ ရှီးအန်းဟာ ပိုးလမ်းမသစ် အစပြုသည့်မြို့ဖြစ်နေတာကို မျက်ဝါးထင်ထင်မြင် တွေ့ရမည်ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ ရှီးအန်းဟာ တရုတ်နိုင်ငံအရှေ့အလယ်ပို်င်းဒေသ၏ သိပ္ပံနှင့် နည်းပညာ စက်မှုလုပ်ငန်းများ၊ ယဉ်ကျေးမှုလုပ်ငန်းများ၊ စက်ရုံများ၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ပညာရေး၊ ပြပွဲများ၊ ခရီးသွားလာရေးလုပ်ငန်းများ ထွန်းသစ်စစက်မှုလုပ်ငန်းတို့ဖြင့် နိုင်ငံတကာအဆင့်မီ မြို့လည်းဖြစ်နေပါပြီ။ ၂၀၁၆ တရုတ်နိုင်ငံ မြို့တော်အဆင့်သတ်မှတ်ရေး အစီအရင်ခံစာမှောတာ့ ရှီးအန်းကို ဘေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဆန်းကျန့်စတဲ့ မြို့များနဲ့ တပြေးညီသတ်မှတ်ခဲ့လို့ တရုတ်နိုင်ငံ ရှိ မြို့ကြီးအဆင့်သို့ ရှီအန်းမြို့က တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဖြိုး ( china.com )
https://www.facebook.com/china.com.mm
တရုတ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးတထောက် သွားရောက်မည့် တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့တော် ရှီးအန်း တရုတ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးတထောက် သွားရောက်မည့် တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့တော် ရှီးအန်း Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.