မင်္ဂလာတောင်ညွန့်တွင် ဓားဖြင့်ထောက်၍ ကားလုယက်


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အငှားယာဉ်မောင်းတဦး၏ လည်ပင်းကို ချွန်ထက်သောအရာနှင့်ထောက်ပြီး ကားအားလုယက်မှုဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အငှားယာဉ်မောင်း ဦးတိုးအောင်သည် သြဂုတ် ၂၂ ရက် မနက် ၄ နာရီအချိန်က တာမွေဗလီထိပ်တွင် လူငယ်လေးဦးမှ သခင်မြပန်းခြံသို့ ၂၅၀၀ ကျပ်ဖြင့် ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ပတ်လမ်း၊ စည်ပင်ရုံးရှေ့အရောက်တွင် နောက်ခန်းတွင် လိုက်ပါလာသော လူငယ်တဦးမှ ဦးတိုးအောင်၏ လည်ပင်းအား ချွန်ထက်သောအရာတခုဖြင့် ထောက်ထားပြီး၊ ရှေ့ခန်းတွင် လိုက်ပါလာသော လူငယ်မှ ဦးတိုးအောင်အား ယာဉ်နောက် ခန်းသို့ ပြောင်းထိုင်ရန်ပြောကြောင်း၊ ဦးတိုး အောင်က ကားကိုရပ်ရန် ကားတံခါးဖွင့်ကာ ဆင်းပြေးပြီး ပတ်ဝန်းကျင်အား အကူအညီတောင်းကြောင်း၊ ထိုအချိန်တွင် မီးတန်းယာဉ်ဖြင့် ကင်းလှည့်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ၀ိုင်းဝန်းဖမ်းဆီးကြောင်း၊ လူငယ်လေးဦးအနက် ဇော်မင်းဦး(၂၄)နှစ် ပိန်းတောလမ်း၊ ပုဏ္ဏားကုန်းရပ်ကွက်၊ တာမွေမြို့နယ်နှင့် ဇင်မောင်မောင်(ခ)ရာဂျေ၊ (၂၃) နှစ် အနော်မာ(၅)လမ်း၊ သာကေတမြို့နယ်နေသူ နှစ်ဦးအား ဖမ်းဆီးရမိပြီး ကျန်နှစ်ဦးဖြစ်သည့် ကုလားပု(စုံစမ်းဆဲ) နှင့် အနဲကြီး(ခ)ကုလားကြီး (စုံစမ်းဆဲ)တို့မှာ လွတ်မြောက်နေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတိုးအောင်က တရားလို ပြုလုပ်တိုင်တန်းသဖြင့် မင်္ဂလာ တောင်ညွန့်ရဲစခန်းမှ (ပ) ၆၂၂/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံဇော်မင်းဦး၊ ဇင်မောင်မောင် (ခ)ရာဂျေတို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကာ ကျန်တရားခံများဖြစ်သည့် ကုလားပု(စုံစမ်းဆဲ)နှင့် အနဲကြီး(ခ)ကုလားကြီး (စုံစမ်းဆဲ)တို့အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မင်္ဂလာတောင်ညွန့်တွင် ဓားဖြင့်ထောက်၍ ကားလုယက်  မင်္ဂလာတောင်ညွန့်တွင် ဓားဖြင့်ထောက်၍ ကားလုယက် Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.