နာဂဒေသမှာ ၀က်သက်ကာ ကွယ်ဆေးထိုးပေး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဝက်သက်ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာကို တွေ့ရစဉ်။ Photo: Ke Jung
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် နဲ့ နန်းယွန်းမြို့နယ်မှာ ၁၅ ရက်အတွင်း ဒေသခံ ၁၇၀၀ ကျော်ကို ၀က်သက်ရောဂါကာကွယ်ဆေး ထိုးပေးထားတယ်လို့ ခန္တီးစစ်ဗျုဟာမှုးဦးစီးရုံး ဗျူဟာမှူးက ပြောပါတယ်။

ကျေးရွာပေါင်း ၁၅ ရွာမှာ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် ၁၄ ယောက် တပ်မတော်ဘက်က ဆရာဝန် ၆ ဦးတို့ ကာကွယ်ဆေးထိုးပေး ခဲ့တာဖြစ်တယ်လို့ ခန္တီးစစ်ဗျုဟာမှုး ဗိုလ်မှူးကြီးမင်းမင်းစိုးက ပြောပါတယ်။

နန်းယွန်းနဲ့ လဟယ်မြို့က ကူးစက်ရောဂါဖြစ်တဲ့ကျေးရွာတွေကို အနောက်မြောက်ပိုင်းစစ်ဌာနချုပ်က အ၀တ်အစားတွေ ထောက်ပံ့ပေးပြီး လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာနဲ့ ဆေးစိမ်ခြင်ထောင် စတာတွေကို ထောက်ပံ့ပေးထားပါတယ်။

ဝက်သက်ကူးစက်ရောဂါကြောင့် သေဆုံးသူ ၄၂ ဦးရှိတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ကိုးကွယ်ယုံကြည်မှုမှာ နတ်ကိုးကွယ်တာဖြစ်ပြီး နေမကောင်း ဖြစ်လာရင် ဆရာဝန်တွေနဲ့ ကုသတာထက် နတ်ပြပြီး ကုသတာတွေရှိနေတဲ့အတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးကြီးမင်းမင်းစိုးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
နာဂဒေသမှာ ၀က်သက်ကာ ကွယ်ဆေးထိုးပေး  နာဂဒေသမှာ ၀က်သက်ကာ ကွယ်ဆေးထိုးပေး Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.