မြိတ် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှောင်ကွင်းလမ်း အလယ်ချောင်းကျေးရွာ သစ်ယာ တောင်ဆင်း မိုင်တိုင်အမှတ်(၁၁/၂)နှင့် (၁၂/၃)ကြားတွင် ဩဂုတ် ၁၈ ရက် နံနက်က ပုလောမြို့နယ် ဖိုးရှမ်းဘုရားဖူးသွား Hijet အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ ၁၄ ဦးအနက် ယာဉ်မောင်း နေလင်းအောင်အပါအဝင် အချို့ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပြီး မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြိတ်မြို့ရှောင်လမ်းတွင် ဘုရားဖူးယာဉ် တိမ်းမှောက်
Reviewed by THITHTOOLWIN
on
09:36
Rating:
