ကျောင်းကူးတို့လှေနစ်မြုပ်ပြီးကျောင်းသူ (၄)ဦးအသက်ဆုံးရှုံးရသည့်အတွက် ကူးတို့လိုင် စင်အားပိတ်သိမ်းပြီး တရားစွဲဆိုသွားမည်ဟုဆို


 ရခိုင်ဂေဇက် ၊သြဂုတ် ၂၃

ရသေ့တောင်မြို့နယ်တွင် ကုန်တန်းဈေးကျေးရွာမှ ရန်အောင်ပြင် အ.ထ.က(ခွဲ)ကျောင်းသို့သွားသည့် ကျောင်းကူးတို့မှာ သြဂုတ်လ ၁၉ ရက်နေ့ကနစ်မြုပ်ပြီးကျောင်းသူ(၄)ဦးအသက်ဆုံးရှုံးခဲ့ရသည့်အတွက် ယင်းကူးတို့လိုင်စင်အားပိတ်သိမ်းပြီးတရားစွဲဆိုသွားမည်ဟု ပြည်နယ်စည်ပင်သာယာရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသက်ထွန်းကပြောသည်။

ဦးသက်ထွန်းက “အခုကူးတို့စက်လှေနစ်မြုပ်တာဟာလူမတန်တဆတင်ဆောင်ခဲ့လို့ပါ။ စက်လှေခံနိုင်ရည်အား မမျှတတဲ့အတွက် ပျဉ်ကြားအစပ်ကနေရေ၀င်ပြီးလှေနစ်မြုပ်ခဲ့တာပါ။အခုလိုစက်လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့လို့ ကျောင်းသူ (၄) ဦးအသက်ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်တို့ စက်လှေမြုပ်တဲ့နေ့ ကတည်းက လိုင်စင်ပိတ် သိမ်းလိုက်ပါပြီ။ လိုင်စင်စီကိုလည်းတရားစွဲဖို့ဆောင်ရွက်နေပါတယ်”ဟုပြောသည်။

အဆိုပါကျောင်းကူးတို့လှေအား၂၀၁၅ခုနှစ်တွင် ကူးတို့လိုင်စင်စတင်ထုတ်ပေးခဲ့ကြောင်း၊ သတ်မှတ် ထားတဲ့စည်း မျဉ်းစည်းကမ်းများကိုလိုက်နာရန်အတွက်လည်းသဘောတူလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊သို့သော်လည်းလိုင် စင်စီများ မှာစည်းကမ်းလိုက် နာမှုအား နည်းကြောင်း၊ စည်ပင်မှသွားရောက် စစ်ဆေး သည့် အခါတွင် စည်းကမ်းများကိုလိုက်နာပြပြီး နောက်ကွယ်တွင်လိုက်နာမှုမရှိကြကြောင်း၊ ပြည်သူများမှလည်းထိုကဲ့သို့ အခြေ အနေမြင် တွေ့ပါက ဆက်သွယ် အကြောင်းကြားပေးပါရန်နှင့်စည်းကမ်းမလိုက်နာသူများအားထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းဦးသက်ထွန်းမှ ဆက်လက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းကူးတို့လိုင်စင်စုစုပေါင်း၃၃၀ ခုရှိပြီး ၁၀သိန်းနှင့် အထက်ကူးတို့ များ အားအသက်ကယ်ဝတ်စုံ ၁၀ ခု၊ ၁၀သိန်းနှင့် အောက်ကူးတို့များအားအသက်ကယ်ဝတ်စုံ ၅ ခုနှုန်းဖြင့် စည်ပင်သာယာရေးရုံးမှ ဇူလိုင်လ ၁၀ ရက်နေ့က သတ်မှတ် ချပေး ထား ကြောင်းသိရသည်။

စက်လှေနစ်မြုပ်၍ ကျောင်းသားကျောင်းသူ(၁၇)ဦးအနက် (၁၃)ဦး အသက်ရှင်ခဲ့ပြီး ကျောင်းသူ (၄) ဦး ရေနစ် သေဆုံးခဲ့ရာ ကျောင်းသူ(၃)ဦး၏ အလောင်းအား သြဂုတ်လ (၂၀)ရက်နေ့က တွေ့ရှိခဲ့ပြီး ကျန်တစ်ဦးအား သြဂုတ်လ (၂၁)နေ့တွင်တွေ့ရှိခဲ့သည်။သေဆုံးခဲ့သည့်ကျောင်းသူလေးဦးမှာ နဝမတန်းကျောင်းသူတစ်ဦး၊ သတ္တမတန်း ကျောင်းသူ တစ်ဦး၊ ပဉ္စမတန်းကျောင်းသူ နှစ်ဦး တို့ဖြစ်သည်။

စုမြတ်ဖြူ-
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ကျောင်းကူးတို့လှေနစ်မြုပ်ပြီးကျောင်းသူ (၄)ဦးအသက်ဆုံးရှုံးရသည့်အတွက် ကူးတို့လိုင် စင်အားပိတ်သိမ်းပြီး တရားစွဲဆိုသွားမည်ဟုဆို  ကျောင်းကူးတို့လှေနစ်မြုပ်ပြီးကျောင်းသူ (၄)ဦးအသက်ဆုံးရှုံးရသည့်အတွက် ကူးတို့လိုင် စင်အားပိတ်သိမ်းပြီး တရားစွဲဆိုသွားမည်ဟုဆို Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.