ဟူးကောင်းမှာ လူ တထောင်ကျော် ထွက်ပြေးနေရ

ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲပြန်ဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်နဲ့ မိုင် ၈၀ လောက်ဝေးတဲ့ ဟူးကောင်းဒေသမှာ ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေလို့ ဒေသခံတွေနဲ့ ရွှေတူးဖော်ရေး လုပ်နေသူ တထောင်ကျော် ဘေးလွတ်ရာကို ပြေးလာရပါတယ်။

အစိုးရတပ်တွေဖြစ်တဲ့ ခမရ ၃၈၁၊ ခမရ ၃၈၂ တပ်တွေနဲ့ ကေအိုင်အေရဲ့ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တို့ ရှဒူးဇွတ်ရွာနားမှာ တိုက်ပွဲဖြစ်နေလို့ ဘေးလွတ်ရာကို ပြေးလာ ကြတာပါ။

စစ်ဘေးရှောင် ပြည်သူတွေကို ရှဒူးဇွတ်ရွာ နှစ်ခြင်း ခရစ်ယာန်ကျောင်းတွေ အပါအဝင် အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းနဲ့ စံပြရွာ သာသနာ့အောင်စံ ဘုန်းတော်ကြီးကျောင်းတွေမှာ ကူညီရေးအဖွဲ့တွေက ယာယီ ခိုလှုံခွင့် ပေးထားပါတယ်။

ခု ရှဒူးဇွတ်နဲ့ စံပြ ၂ ရွာမှာရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေထဲက ဒေသခံမဟုတ်တဲ့သူတွေကို အိမ်ပြန်ချင်ရင် ပြန်ဖို့ ဒေသခံ ကူညီရေးအဖွဲ့တွေက အကူညီပေးနေပါတယ်။

အဲဒီဒေသမှာ အုပ်ချုပ်တဲ့ ရပ်ကျေးအုပ်ချုပ်သူတွေ ကိုယ်တိုင်က အားလုံးရှောင်ပေးဖို့ အမိန့်ပေးတာကြောင့် တိုက်ပွဲပြင်းထန်ဖို့ အလားအလာ ရှိတယ်လို့ ပြေးလာရသူတွေက ပြောပါတယ်။

ဒါ့ကြောင့် သူတို့လုပ်ကွက်တွေနဲ့ အိမ်တွေကို ပြန်ဖို့ လတ်တလောမဖြစ်နိုင်သေးဘဲ တိုက်ပွဲအခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ဆိုကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဟူးကောင်းမှာ လူ တထောင်ကျော် ထွက်ပြေးနေရ ဟူးကောင်းမှာ လူ တထောင်ကျော် ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 05:43 Rating: 5
Powered by Blogger.