ကလေး- ကလေးဝလမ်းပိုင်း ယမန်နေ့ကထက် အက်ကြောင်း ပိုကြီးလာ


ကလေး- ကလေးဝလမ်းပိုင်းဖြစ်သည့် ကလေးဝမြို့နယ်ချောင်းကျဉ်းကျေးရွာအနီး ကားလမ်းမိုင်တိုင် ၆/၀ မှ ၆/၄ မိုင်ကြားတွင် အလျား ကိုက် ၈၀၀ ကျော် (၃ ဖာလုံခန့်)အကျယ် ကိုက် ၁၀၀ ခန့် သည် သြဂုတ် ၁၀ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က မြေသားအပိုင်းပိုင်းပြတ်၍ သုံးပေခန့် လမ်းသားအက်ကွဲနိမ့်ကျမှုဖြစ်ပွားပြီးအချိန်မီ ပြုပြင်ခဲ့ ရာနံနက်ပိုင်းမှစ၍ ကားလေးများ ဖြတ်သန်းသွားလာနိုင်ခဲ့သော်လည်း သြဂုတ် ၁၁ ရက်နေ့ တွင် အဆိုပါကားလမ်းသည် ယမန်နေ့ကထက်ပို၍ အက်ကြောင်းများဖြစ်ပေါ်ခြင်း၊ လမ်းသားများမို့မောက်ခြင်း၊ နိမ့်ကျခြင်း၊ လမ်းအရှည်လိုက် တစ်ဖက်သို့စောင်းသွားခြင်းများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ယင်းသို့ ဖြစ်ရခြင်းမှာ ယင်းနေရာတစ်ဝိုက်သည် ပြတ်ရွေ့ ကြောနေရာအတွင်း ကျရောက်နေခြင်း ကြောင့် ဖြစ်နိုင်ပြီး အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံမှ ပြုလုပ်ဆောင်ရွက်ပေးထားသော လမ်းမကြီးဖြစ်ရာ ပြတ် ရွေ့ အက်ကွဲနိမ့်ကျမို့ မောက်သွားသောလမ်းနေရာအား ခရိုင်စီမံခန့် ခွဲမှုကော်မတီဥက္ကဌ ဦးအောင်ဇော်မိုး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခရိုင်လမ်းဦးစီးဌာနမှ စက်ယန္တရားကြီးများ၊ လမ်းလုပ် သားများဖြင့် အချိန်နှင့်တစ်ပြေး ညီပြုပြင်ဆာင်ရွက်လျက်ရှိကာ ကလေး၊ တမူးမြို့ များသို့ပြေးဆွဲလျက်ရှိ သော ခရီးသည်တင်ယာဉ်နှင့် ကုန်တင် ယာဉ်များသည် လမ်းပြုပြင်နေစဉ်အတွင်း စောင့်ဆိုင်း၍ သွားလာနေရကြောင်း သိရသည်။

Photos- Minthargyi
ကလေးခရိုင်ပြန်/ဆက်

ကလေး- ကလေးဝလမ်းပိုင်း ယမန်နေ့ကထက် အက်ကြောင်း ပိုကြီးလာ  ကလေး- ကလေးဝလမ်းပိုင်း ယမန်နေ့ကထက် အက်ကြောင်း ပိုကြီးလာ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.