သြဂုတ်လ (၂၇)ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့် က ရှမ်းပြည်မြောက်ပိုင်း မန္တလေး-မူဆယ်လမ်း လားရှိုးနင့်သီပေါကြား သီပေါမြို့ နယ် စဥ့်အင်(နမ့်အွန်)ရွာအနီး မိုင်တိုင် ၁၄၉/၃ နေရာမှာ ကြယ်စင်ဟိန်း ခရီးသည်တင် မှန်လုံ Express ယဉ်တစ်စီးတိမ်းမှောက် ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကလေး ၂ဦး လူကြီး ၅ဦး သေဆုံးပြီး (၁၇)ဦး ဒဏ်ရာရှိကြောင်း ကနဦး သတင်းရရှိပါတယ်။
by သစ်ထူးလွင်
သီပေါမြို့ အနီးမှာ ကြယ်စင်ဟိန်းခရီးသည်တင်ယာဉ် တိမ်းမှောက် (၇)ဦးသေဆုံး၊ (၁၇)ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
13:24
Rating:
