တောင်ငူ ဩဂုတ် ၂၆
ဩဂုတ် ၂၅ ရက် ည ၁၀ နာရီက တောင်ငူမြို့ မင်းကြီးညို(၂၂)ရပ်ကွက် ပေါက်လှ ကြီးလမ်းရှိ နေအိမ်၌ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်ဝင်းထွေး၊ ရဲအုပ်အောင်ကျော်လွင် ဦးဆောင်သည့်အဖွဲ့၊ နယ်မြေခံတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကြီးညို (၂၂)ရပ်ကွက် ပေါက်လှကြီး လမ်းနေ ကိုဦး(ခ)နိုင်လင်းထက်(၂၂ နှစ်)၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ကိုဦးနှင့် ဇနီးဖြစ်သူ မအိအိခိုင်၊ ဇော်မင်းလတ်(ခ)မှင်စာ (၂၄ နှစ်) (၁၉)ရပ်ကွက် တောင်ငူမြို့နယ်၊ တင်ထွန်းလှိုင်(ခ)ဖိုးလပြည့်(၂၅ နှစ်) (၁၆)ရပ်ကွက် ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့နေသူတို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁၀၊ ငွေကျပ် ၈၈၄၅၀၊ အောက်ဆွဲ လေသေနတ် တစ်လက်၊ အရိုးအသွား နှစ်ပေ ငါးလက်မခန့် ဓားအိမ်ပါ ထိပ်ဦးချွန် ဓားရှည်တစ်လက်၊ NISSAN အမျိုးအစားကားတစ်စီး၊ ဆိုင်ကယ် လေးစီးနှင့် အခြားသော သက်သေခံ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိ ခဲ့သည်။ ယင်းဖြစ်စဉ်အား သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။
သူရ(တောင်ငူ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်ငူ၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
13:02
Rating:
