မြင်းမူမြို့နယ်တွင် ကားလမ်းရေကျော်မှုကြောင့် ယာယီကားလမ်းပိတ်မှုဖြစ်နေ


စစ်ကိုင်း သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ်တွင် သြဂုတ်(၂၆)ရက်နေ့(၀၁)နာရီ(၃၀)မိနစ်မှ မှ(၀၂)နာရီ(၂၀)မိနစ်အချိန်တွင် မိုးရွာသွန်းခဲ့ပြီး မိုးရေချိန်လက်မ (၀ ဒဿမ ၉၁) လက်မရှိခဲ့ပါသည်။


 မိုးရွာသွန်းမှုကြောင့် စစ်ကိုင်း-မုံရွာ ကားလမ်းရှိ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ မြင်းမူ နှင့်မြောင်လမ်းခွဲအနီးတွင် နံနက်(၇)နာရီ စတင်ပြီး ကားလမ်းရေကျော်မှုများဖြစ်ပွားနေရာ ကားလမ်းပေါ်တွင် (၂)ပေခန့်ရေကျော်နေပြီး တစ်ဖက်လျှင်ကားအစီးရေ (၃၀၀) ကျော် ပိတ်မိနေကြောင်း သိရသည်။


အဆိုပါရေကျော်နေသည့်ရောသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များမှ ကားလမ်းပိတ်မိနေသူများကို အန္တရာယ်မဖြစ်စေရေးနှင့် ဆိုင်ကယ်များအန္တရာယ် မဖြစ်စေရေးအတွက် သွားရောက်ကူညီမှု များပြုလုပ်ပေးလျှက်ရှိ ကြောင်း သိရသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်
မြင်းမူမြို့နယ်တွင် ကားလမ်းရေကျော်မှုကြောင့် ယာယီကားလမ်းပိတ်မှုဖြစ်နေ မြင်းမူမြို့နယ်တွင် ကားလမ်းရေကျော်မှုကြောင့် ယာယီကားလမ်းပိတ်မှုဖြစ်နေ Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.