![]() |
(ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာနားမှာ သြဂုတ်လ ၁၉ ရက်နေ့က လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေနေစဉ်) ဓါတ်ပုံ - ပိုးရွှီပြင် မဟာမိတ် လူမူရေးအသင်း |
ပျောက်ဆုံးနေတဲ့ ကျောင်းသူ ၄ ဦးဟာ ကျောက်စာတိုင်ကျေးရွာကဖြစ်ပြီး လှေတွေနဲ့ ဝိုင်းဝန်းရှာဖွေနေတယ်လို့ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင် က ပြောပါတယ်။
အဲ့ဒီစက်လှေမှာပါတဲ့ ကျောင်သူ၊ ကျောင်းသားတွေဟာ ဈေးကုန်တန်းကျေးရွာကနေ ရန်အောင်ပြင်ကျေးရွာကိုအသွား လမ်းမှာ လှေနစ်မြုပ်တာဖြစ်ပြီး လှေပေါ်မှာ လူပုံမှန်ထက် ပိုများနေတာကြောင့် နစ်မြုပ်သွားတာလို့လည်း ပြောပါတယ်။
ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းခွဲကို အနီးအနားမှာရှိတဲ့ ဈေးကုန်တန်း၊ ကျောင်စာတိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်က ကျောင်သူ ကျောင်းသားတွေဟာ နေ့စဉ် စက်လှေတွေနဲ့ လာရောက်ပြီး ကျောင်းတက်နေကြရတာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ကျောင်းသူတွေကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် ဒေသခံအရပ်ဘက်အဖွဲ့တွေ အပါအဝင် မြို့နယ်တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေသလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကလည်း အခင်းဖြစ်နေရာကို သွားရောက်နေကြတယ်လို့လည်း သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ရသေ့တောင်မြို့နယ်မှာ စက်လှေနစ်မြုပ် ကလေး ၄ ဦး ပျောက်ဆုံး
Reviewed by THITHTOOLWIN
on
16:35
Rating:
