တိုက်ကြီး နဲ့ အဖြောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်


ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ် တိုက်ကြီး-အဖျောက်ကားလမ်းမှာ ယမန်နေ့မနက်ပိုင်းက သံကူကွန်ကရစ် တံတားတစ်စင်း ရေထဲမျှော ပါသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန်စည်တွေကိုလှေနဲ့ ပြန်လည်သယ်ယူနေရတယ်လို့ သိရပါတယ်။

 အရှည် (၁၅)ပေရှိတဲ့ တံတားမျှောပါသွားတာကြောင့် ဘေးဖက်ကမြေသားတွေ ပါ ရေတိုက်စားပြီး ပေ(၇၀)ခန့်ရှိတဲ့ ရေစီးကြောင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ အဖျောက်သွားတဲ့ လမ်း တစ်လျှောက် ရေကြီးနေတာကြောင့် ကားနဲ့သွားလို့မရတဲ့နေရာ ကနေ လှေနဲ့ကုန်စည်တွေကို တဆင့်သယ်ယူပို့ဆောင်နေရတယ်လို့ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းကပြောပါတယ်။

 သြဂုတ်လပထမပတ်ကစတင်ပြီး တိုက်ကြီး၊ဥက္ကံနဲ့ အဖျောက်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေ တာကြောင့် ကျေးရွာအချို့နှင့်လမ်းများနှစ်မြှပ်လျက်ရှိကာတိုက်ကြီးမြို့နယ် မှာ ရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု၊ ဥက္ကံမြို့မှာ (၁၀)ခုနဲ့ အဖျောက်မြို့မှာ (၈) ခုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Lunanung Sunn
5 Plus News
https://www.facebook.com/5plusnews
တိုက်ကြီး နဲ့ အဖြောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက် တိုက်ကြီး နဲ့ အဖြောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက် Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.