ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်လူဦးရေ သုံးသောင်းကျော်ပြောင်းရွှေ့ရ


ပခုက္ကူ သြဂုတ် ၃

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် သြဂုတ်လ ၃ ရက်နေ့ အထိလူဦးရေ သုံးသောင်း ကျော်ရေ လွှတ်ရာ သို့ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။


မြို့ပေါ်ရပ်ကွက် ၆ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၂၂အုပ်စုမှအိမ်ခြေ ၈၁၆၂ အိမ်၊အိမ်ထောင်စု ၈၃၁၆စု၊ လူဦးရေ ကျား ၁၇၇၅၆ဦး၊မ ၁၉၈၈၄ဦး စုစုပေါင်း၃၇၆၄၀ ဦးနှင့်ကျွဲ ၈၁ကောင်၊နွား ၁၀၁၄၂ကောင်၊ဝက်၂၁၇၄ ကောင်၊ ကြက် ၁၇၉၇ကောင်၊သိုး၂၆၃ကောင်၊ ဆိတ်၁၃၃၃ကောင် တို့အားပြောင်းရွေ့ခဲ့ ရပြီးရေလွတ်ရာ စုရပ်အသီးသီးတွင်နေ ရာ ချထားပေး လျက် ရှိကြောင်းသိရသည်။


အခြေခံပညာကျောင်း ၅၂ ကျောင်းမှာလည်း အနိမ့်ဆုံး ၁ပေခွဲမှအမြင့်ဆုံး ၅ ပေခန့် ထိရေဝင်ရောက်လျက်ရှိသဖြင့် ယာယီပိတ်ထားရလျက်ရှိသည်။
ရေဝင်ရောက်ရာရပ်ကွက်/ကျေးရွာများသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ခရိုင် အုပ်ချုပ်ရေး မှူး ဦးကိုကိုလွင်၊ ခရိုင်နှင့်မြို့နယ်သဘာဝဘေးကြိုတင်ကာကွယ်ရေးကော်မတီဝင်များ၊ ဒေသခံတပ်ရင်း၊တပ်ဖွဲ့များ၊ ဝေဠုကျော် ဖောင်ဒေးရှင်း ရေအလှူတော်အဖွဲ့၊ အနာဂတ် အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံ လူမှု ကူညီရေး အဖွဲ့များ၊ action aid (Myanmar) တို့ကသောက်ရေနှင့် လိုအပ်သည်များ လိုက်လံကူညီ လျက်ရှိ ကြောင်းသိရသည်။


တပ်ရင်းတပ်ဖွဲ့များမှ ရေဘေးရှောင်စုရပ်နေရာအနီးတဝိုက်တွင် ယာယီဆေးခန်း ဖွင့်၍ ကျန်းမာရေး အခမဲ့ စောင့်ရှောက် မှုပေးခြင်းနှင့် သယ်ယူပြောင်းရွှေ့ရန်လိုအပ်ပါကကူညီဆောင်ရွက်ပေးလျက်
ရှိကြောင်း သိရသည်။


ကျန်းမာရေးဌာနကလည်း ရေဝင်ဒေသများတွင် အခမဲ့ဆေးကုသပေး လျက်ရှိသည်။ သြဂုတ်၂ရက်က အမှတ် ၁၃ ရပ်ကွက် နှင့်ပတ်ဝန်းကျင်နေရာ များမှ ပြောင်းရွှေ့နေထိုင်ရသူများအတွက် အမှတ်၁၃ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမျိုးသန့် နှင့်အဖွဲ့ကချက်ပြုတ်ကျွေးမွေးဒါနပြုနေကြောင်းသိရသဖြင့် ပခုက္ကူခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ မိသားစုများမှ ဆန်ငါးအိတ် ကိုသွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ပခုက္ကူခရိုင်အတွင်းမြစ်ရေဝင်ရောက်သည့် ပခုက္ကူ၊ရေစကြို၊ဆိပ်ဖြူမြို့နယ် သုံးမြို့နယ်တွင် လူဦးရေ ၅၀၉၆၅ ဦးနှင့် တိရိစ္ဆာန်ကောင်ရေ ၂၀၁၄၉ ကောင် အားပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။

(ပခုက္ကူ ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်လူဦးရေ သုံးသောင်းကျော်ပြောင်းရွှေ့ရ  ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်လူဦးရေ သုံးသောင်းကျော်ပြောင်းရွှေ့ရ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.