ကလေးမြို့နယ်မှာ လွယ်ထားသောဘေးလွယ်အိတ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး (၁) ဦး သေဆုံး


၅-၈-၂၀၁၆ ရက်နေ ည ၈း၄၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်မှ ၉ မိုင်ဝေးကွာသော ကလေး-တမူး ကားလမ်းဘေး မော်လိုက် ကလေး တောင်ရွာမှာ လွယ်ထားသောဘေးလွယ်အိတ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။


 မော်လိုက် ကလေး တောင်ရွာရှိ ဦးလူရင်၏ ဈေးဆိုင်သို့ ဈေးလာဝယ် သူ အေးကို(ဘ)ဦးမောင်ပွဲ အသက်(၂၈)နှစ်သည် ဈေးဝယ်ပြီး ထိုဈေးဆိုင်တွင်ထိုင်၍ မတင်မာချိုဆိုသူနှင့် စကားပြောနေစဉ် ၄င်းလွယ်ထားသောဘေးလွယ်အိတ်မှ ပေါက်ကွဲမှုဖြစ်ပွား၍ အေးကို၏ ၀ဲဘက် ပေါင် စုတ်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 သေဆုံးသူ၏ ရှေ့ တွင် ထိုင်နေသော မတင်မာချို မှာလည်း  မျက်နှာဒဏ်ရာရရှိပြီး သေဆုံးသူအေးကို၏ လွယ်အိတ်အတွင်းမှ C 4 ယမ်းအနံ့ရှိ ကြေးနန်းကြိုး အပိုင်းအစနှင့် ဘထ္ထရီအိုး အပိုင်းအစများတွေ့ရှိ ရသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူ အေးကိုမှာ တောင်သူလုပ်ကိုင်နေသူဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရပြီး အခင်းဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

IP RD
ကလေးမြို့နယ်မှာ လွယ်ထားသောဘေးလွယ်အိတ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး (၁) ဦး သေဆုံး ကလေးမြို့နယ်မှာ လွယ်ထားသောဘေးလွယ်အိတ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး (၁) ဦး သေဆုံး Reviewed by THITHTOOLWIN on 04:27 Rating: 5
Powered by Blogger.