ရွှေမန္တလာနှင့် ခွေးဘီလူး လားရှိုးအထွက်မှာ တိုက်မိ ၁ ဦးသေဆုံး


လားရှိုး သြဂုတ် ၎

၎-၈-၂၀၁၆ ယနေ့မနက် ဝေလီဝေလင်းအချိန်တွင် လားရှိုးအထွက် တန့်ယန်းလမ်းခွဲအနီး၌ လားရှိုးဘက်မှ နောင်မွန်ဘက်သို့ သွားသော ခွေးဘီလူးယာဉ်ငယ်နှင့် နေပြည်တော်မှ လားရှိုးသို့လာသော ရွှေမန္တလာအဝေးပြေးယာဉ်တို့ တိုက်ခိုက်မိ ခဲ့ကြပါသည်။


မနက် ၆း၃၀အချိန်ခန့်တွင် လားရှိုးမြို့ ယာဉ်ထိန်းတပ်ဖွဲ့စု ၁၁၉မှ ရဲအုပ်တင်စိုးလင်းမှ ကျွန်တော်တို့ အဖွဲ့သို့ ဆက်သွယ်အကြောင်းကြား လာသဖြင့် အခင်းဖြစ်ပွားရာသို့ သွားရောက်၍ ယာဉ်တိုက်မှုတွင် သေဆုံးသူအား သယ်ဆောင်ပြီး လားရှိုး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။


သေဆုံးသူမှာ ခွေးဘီလူးယာဉ်ငယ်မောင်းနှင်လာသူ ရှုးရှိန် (ဘ) တွမ်ပေါက်လျန် အသက်(၄၈)နှစ် နောင်မွန်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရပါသည်။


Lashio Media@Credit : မူစလင်စ်လူငယ်များ လူမှုကူညီရေးအဖွဲ့

ရွှေမန္တလာနှင့် ခွေးဘီလူး လားရှိုးအထွက်မှာ တိုက်မိ ၁ ဦးသေဆုံး   ရွှေမန္တလာနှင့် ခွေးဘီလူး လားရှိုးအထွက်မှာ တိုက်မိ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.