ကလေးဝ - ကျီကုန်း - ကလေး ကားလမ်း မြေသားနိမ့်ကျမှုဖြစ်ပွား


ကလေးဝ သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်းရှိ ချောင်းကျဉ်းကျေးရွာအနီး ကလေးဝ- ကျီကုန်း- ကလေး ကားလမ်း မိုင်တိုင်အမှတ် ၆/၀ မှ ၆/၄ ကြားတွင် ကားလမ်းမှာ မိုးရွာသွန်းမှုကြောင့် အရှည်(၃) ဖာလုံကျော် အက်ကြောင်းများဖြစ်ပေါ်လာပြီး မြေသားနိမ့်ကျမှုကို သြဂုတ်လ (၁၀)ရက် နံနက် ၀၅း၃၀ နာရီက စတင်ဖြစ်ပွားခဲ့သဖြင့် ကလေး- ကလေးဝ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်၊ ကုန်တင် ယာဉ်နှင့် သုံးဘီးယာဉ်များ ခေတ္တပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။


အဆိုပါ မြေသားနိမ့်ကျမှုဖြစ်ပွားသည့် နေရာသို့ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် ခရိုင်/မြို့နယ် လမ်းဦးစီးဌာနတို့က သွားရောက်၍ ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် စက်ယန္တရားများ၊ လမ်းလုပ်သားများနှင့် အချိန်မီပြုပြင်ခဲ့ရာ နံနက် ၀၉း၁၀ နာရီတွင် ကားလေးများ စတင်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။


ယင်းမြေသားနိမ့်ကျမှုကြောင့် ကားလမ်းဘေးတွင်နေထိုင်သည့် လူနေမြေစိုက်တဲ (၆)လုံးအား ဘေးလွတ် ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ကလေးမြို့ တေဇ၀န် ပရဟိတအသင်းတို့က စုပေါင်း၍ ပြောင်းရွေ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

သီဟ(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကလေးဝ - ကျီကုန်း - ကလေး ကားလမ်း မြေသားနိမ့်ကျမှုဖြစ်ပွား  ကလေးဝ - ကျီကုန်း - ကလေး ကားလမ်း မြေသားနိမ့်ကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.