![]() |
ဦးသန်းဌေး ။ ။ Photo - Ministry Of Energy |
နေပြည်တော်ကောင်စီနယ်မြေ၌ ယနေ့ ပြုလုပ်လျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ညီလာခံတွင် ပါတီ ဥက္ကဋ္ဌ အဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးသန်းဌေး ကို ရွေးချယ်လိုက်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးအုန်းမြင့်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ပါတီ ဒုတိယဥက္ကဋ္ဌ အဖြစ် မူလတာဝန်ယူခဲ့သူ ဦးဌေးဦးကိုလည်း တာဝန်မှ အနားပေးလိုက်ပြီး ၎င်း၏ နေရာတွင် ယခင်အစိုးရလက်ထက်က ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သူ ဦးမြတ်ဟိန်းကို ရွေးချယ်ခန့်အပ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရသူ ဦးသန်းဌေးသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်ဟောင်း အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်စိန် အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ် ဥက္ကဋ္ဌနေရာ အများစုတွင် မူလလူဟောင်းများကို ပြန်လည် ရွေးချယ်ခန့် အပ်ခြင်း မပြုတော့ကြောင်း ယင်းပါတီထံမှသိရသည်။
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်မှ ဦးသိန်းစိန် အနားယူပြီ
Reviewed by THITHTOOLWIN
on
16:36
Rating:
