မော်စကိုမြို့ တွင် ကုန်လှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့၍ လူ၁၆ဦးထက်မနည်း သေဆုံး

မော်စကိုမြို့ရှိ ကုန်လှောင်ရုံ မီးလောင်မှုဖြစ်ပွားနေပုံအား အဝေးမှမြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    မော်စကို၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

    ရုရှားနိုင်ငံ မော်စကိုမြို့အရှေ့မြောက်ဘက်ရှိ ကုန်လှောင်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့၍ ၁၆ဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူ အားလုံးသည် ကာဂျစ္စတန်နိုင်ငံသားများဖြစ်ကြောင်း ပြည်တွင်း သတင်းဋ္ဌာနက သြဂုတ်၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး လူ ၁၂ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ RIA အမျိုးသား သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

ကနဦး အချက်အလက်များအရ ကုန်လှောင်ရုံ၏ အပိုင်းတစ်ပိုင်း မှ အလင်းပေးကိရိယာတစ်ခု ချို့ယွင်းချက်ဖြစ်ရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် မီးလောင်ကျွမ်းရာမှ မီးခိုးများ အဆမတန်ထွက်ပေါ်လာခြင်းက ကုန်လှောင်ရုံအတွင်းရှိလူများအတွက် ထွက်ပေါက်လမ်းကြောင်း ပျောက်စေပြီး အသက်ဆုံးရှုံးစေခဲ့ကြောင်း Interfex သတင်းဋ္ဌာနက ဒေသခံတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

မီးငြိမ်းသတ်ပြီးနောက်တွင် ရုရှားအာဏာပိုင်များက မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မော်စကိုမြို့ တွင် ကုန်လှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့၍ လူ၁၆ဦးထက်မနည်း သေဆုံး  မော်စကိုမြို့ တွင် ကုန်လှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့၍ လူ၁၆ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.