ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက တရားဝင် ဗီဇာ ပေးခဲ့သည့် ဦးမောင်မောင်ဝမ်းကို ရန်ကုန်လူဝင်မှု ကြီးကြပ်ရေးက ပြည်ဝင်ခွင့်မပေး


အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ မြန်မာသံရုံးက တရားဝင် ဗီဇာပေးခဲ့သော်လည်း ရန်ကုန်လေဆိပ်တွင် အင်္ဂလိပ်စာဆရာ မောင်မောင်ဝမ်း ကို လူဝင်မှုကြီးကြပ်ရေးက ၀င်ခွင့်မပေးဘဲ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်ကြောင်း ၄င်း၏ သူငယ်ချင်းဖြစ်သူ ပန်းချီဆရာထိန်လင်း က The Ladies သို့ သြဂုတ် ၂ ရက်တွင် တွင်ပြောသည်။

“ကျွန်တော် လေဆိပ်ထဲ ဝင်ခွင့်ကတ်တောင်းပြီး လူဝင်မှုကြီးကြပ်ရေးက အကြီးကဲကို ဝင်မေးတော့ သူတို့ ဆီမှာ ပြီးခဲ့အခေါက်က ကိုမောင်မောင်ဝမ်းကို ပြန်ပို့စဉ်က မှတ်တမ်းမှာ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုနဲ့  ပြန်ပို့စဉ်က မှတ်တမ်းဝင်နေတဲ့အတွက် ပေးဝင်လို့ မရပါဘူး။ ဒါကြောင့် လာခဲ့တဲ့ လေယဉ်ပေါ်ကို ပြန်တင်ပေးလိုက်ပြီလို့ အဖြေပေးပါတယ်။ စာရွက်ကိုလည်း ပြပါတယ်။ ဒါဆို ဝါရှင်တန်ဒီစီက သံရုံးက ဘာကြောင့်ဗီဇာပေးလိုက်သလဲ ဆိုတာ နားမလည်ပါဘူး။ နောက်ဆုံး စုံစမ်းရရှိများအရ ပြီးခဲ့ သမ္မတလက်ထက်က သမ္မတ လက်မှတ်နဲ့ ထုတ်ထားချက်၊ တားမြစ်ချက်ကို ပြင်နိုင်မှ ဝင်ခွင့်ရပါမယ်တဲ့ခင်ဗျာ”ဟု ပန်းချီဆရာထိန်လင်းက ပြောသည်။

ဦးမောင်မောင်ဝမ်းမှာ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ် ပြန်ပို့ခံခဲ့ရခြင်း ဖြစ်သည်။

ယခင်အစိုးရလက်ထက်က ပြည်ပရောက် မြန်မာများကို ပြည်တွင်း ပြန်ဝင်ခွင့်ပြုခဲ့စဉ် ဦးမောင်မောင်ဝမ်းမှာလည်း ဆိုရှယ်ဗီဇာဖြင့် ပြန်လာပြီး လူငယ်များကို ပြည်တွင်းတွင် အင်္ဂလိပ်စာ သင်တန်းများအခမဲ့ ပို့ချမှုများရှိခဲ့သည်။ ယင်းနောက်ပိုင်း တွင် ဦးမောင်မောင်ဝမ်းကို တရားဝင်ခွင့်ပြုချက် မရှိဘဲ ရေနံချောင်းတွင် စာသင်ကြားသည်ဟုဆိုကာ ပြည်တွင်းမှ ထွက်ခွာရန် ဖိအားပေးခဲ့ခြင်းကြောင့် ပညာရေးလုပ်ငန်းများကို ရပ်တန့်ကာ ပြန်လည် ထွက်ခွာသွားခဲ့ရခြင်း ဖြစ်ပြီး ယခုတစ်ကြိမ်တွင် Business ဗီဇာ လျှောက်ထားကာ ပြန်လည် လာရောက်ခဲ့ရာ လ၀ကမှ
ဝင်ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း ပန်းချီထိန်လင်းက ပြောသည်။

“၀င်ခွင့်မပေးပါဘူးဆိုရင် ၀ါရှင်တန်သံရုံးက သူ့ကို ဘာလို့ဝင်ခွင့်ပေးလိုက်လဲ စဉ်းစားစရာပဲ။ အမှန်က ၀ါရှင်တန်သံရုံးက ၀င်ခွင့်မပေးရဘူး။ အဲ့ဒါဆိုရင် သူကလည်း စဉ်းစားမယ်ပေါ့။ ဘာဖြစ်လို့ ၀င်ခွင့်မပေးတာလဲ စသဖြင့် ပေါ့။ ၀ါရှင်တန်က ပေးလိုက်တဲ့ အခါကျတော့ သူကစိတ်ချလက်ချနဲ့ လေယာဉ်လက်မှတ်တွေ ၀ယ်ပြီး လာလိုက်တာ ၊ ပြောမယ်ဆိုရင်တော့ သံရုံးနဲ့ ပြည်ထဲရေးနဲ့ လ၀ကနဲ့ ကြားထဲမှာ Error ဖြစ်သွားတာပေါ့” ဟု ပန်းချီထိန်လင်းက ၎င်း၏ အမြင်ကို ဆက်လက်ပြောကြားသည်။

အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်းသည် ရှစ်လေးလုံး ကာလက ရေနံချောင်း သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းက ပြည်ပသို့ ထွက်ခွာခဲ့သူဖြစ်ပြီး ဆိုရှယ်မီဒီယာများ စတင်ထွန်းကားချိန်တွင် ယင်းကိုအသုံးပြု၍ အင်္ဂလိပ်စာ လေ့လာလိုသည့် လူငယ်များကို တတ်စွမ်းသမျှ ကူညီပေးခဲ့သူဖြစ်သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ