မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ဝန်ကြီးချုပ်တို့ ဆွေးနွေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံဝန်ကြီးချုပ်က သြဂုတ်လ ၁၈ ရက်နေ့က ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်မှာ ကြိုဆိုစဉ်။ Photo: Myanmar State Counsellor Office
ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစလုံးအတွက် ဆီလျော်သင့်မြတ်တဲ့ အစီအမံတစ်ခုရရှိနိုင် ဖို့ မြန်မာအစိုးရအနေနဲ့ ကြိုးစားသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းမြို့တော်မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် လီကဲချန်တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး လျူကျန်မင်းက  မြန်မာအစိုးရအနေနဲ့ သင့်လျော်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ၀န်ကြီးချုပ်လီက ဒေါ်အောင်ဆန်းစုကြည် ကို ပြောကြားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံဆည်စီမံကိန်းကိစ္စကို စဉ်စားဖို့ စုံစမ်းစစ်ဆေးရေး ကော် မရှင်တစ်ရပ် ဖွဲ့စည်းထားပြီး၊ နှစ်ဘက်စလုံးရဲ အကျိုးစီးပွားနဲ့ ဆီလျော်သင့်မြတ်နိုင်မယ့် အဖြေပေါ်ထွက်နိုင်အောင် ကြိုးပမ်းသွားဖို့ဆန္ဒရှိတယ်လို့ ပြောခဲ့ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ဝန်ကြီးချုပ်တို့ ဆွေးနွေး  မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ဝန်ကြီးချုပ်တို့ ဆွေးနွေး Reviewed by THITHTOOLWIN on 06:47 Rating: 5
Powered by Blogger.