ထိုင်းသို့ ပို့ဆောင်မည့် မိန်းခလေးခုနှစ်ဦးနှင့် လူငယ်တစ်ဦးတို့ကို လူကုန်ကူးသူနှင့် အတူ ရွှေပြည်သာတွင် ဖမ်းမိ


နိရဉ္စရာ၊ သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၃ ရက်ကွက်ရှိ အိမ်တစ်အိမ်တွင် ရေ၀င်ချိုးရာမှ  လူကုန်ကူးသူ တစ်ဦးကို ထိုင်းသို့ပို့ဆောင်မည့် မိန်းခလေး ခုနှစ်ဦး၊ လူငယ် တစ်ဦးတို့နှင့် အတူ ဖမ်းဆီးမိခဲ့သည်ဟု ရွှေပြည်သာ ရဲစခန်းမှ တစ်ဆင့် သိရှိသည်။

လူကုန်ကူး ခံရသည့် သူများမှာ ၁။ မောင် ဇော်မျိုးထွန်း (၁၉) နှစ် (ဘ) ဦးဝင်းနိုင် ၂။ မသက်နှင်းအောင် (၁၈) နှစ် (ဘ ) ဦးလှစိန် ၃။ မခင်ထက်ထက်ဝေ (၂၀) နှစ် (ဘ) ဦးကျော်ငွေ ၄။ မကေခိုင်ဦး (၂၇) နှစ်  (ဘ ) ဦးသောင်းရှင် ၅။ မဇင်မာလွင် (၁၉) နှစ် (ဘ) ဦးသောင်းရှင် ၆။  မကြည်ဌေးဝင်း (ဘ)ဦးသောင်းရှင် ၇။ မဖူးပွင့်ဝေ (၁၉) နှစ်  (ဘ ) ဦးမြင်ဝေ၊ ၈။ မပပနိုင် (၁၉) နှစ်( ဘ) ဦးညွှန့် မော်တို့ ဖြစ်ကြသည်။

သူတို့အားလုံးမှာ နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ တောင်ညိုအုပ်စု၊ ဂွေးပင်ရိုးကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရသည်မှာ  ပြည်ပအလုပ်အကိုင်လိုင်စင် ရယူထားခြင်းမရှိသူ မောင်ဟိန်းမင်းဝေ  (၂၁)  နှစ် (ဘ )ဦးမြင့်ငွေမှ တစ်ရွာတွင် အတူနေထိုင်သူ အမျိုးသမီး ၇ ဦး၊ အမျိုးသား တစ်ဦးတို့အား  ဝန်ဆောင်ခ အဖြစ် တစ်ဦးလျှင် မြန်မာကျပ်ငွေ  ၃ သိန်းစီရ ယူကာ ထိုင်းနိုင်ငံရှိ မုန့် ထုတ်လုပ်သော စက်ရုံတစ်ရုံတွင် တစ်နေ့ လုပ်ခ ဘတ် (၃၀၀)ဖြင့် အလုပ်ရှိမည်ဟု ပြောဆိုစည်းရုံး၍ ရန်ကုန်မြို့သို့ ခေါ်ယူ လာခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့ ရွှေပြည်သာသို့   ၈- ၈- ၂၀၁၆ ရက်နေ့ တွင် ရောက်ရှိပြီး အောင် မင်္ဂလာအဝေးပြေးကားဝင်းမှ တစ်ဆင့် မြဝတီဗမြို့သို့ ထွက်ခွာခါနီး အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်၊ ကလေးဝလမ်း၊ အိမ်အမှတ် (၅၇၄) တွင် ရေ၀င်ချိုးရာမှ ရပ်ကွက်နေ ပြည်သူများ သိရှိသွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းခိုင်ထံ အကြောင်းကြားရာမှ အမှုမှန် ပေါ်ထွက်လာပြီး ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ပြောသည်။

ပြည်ပ အကျိုး ဆာင်လိုင် စင်ရယူထားခြင်းမရှိပဲ အခကြေးငွေရယူပြီး လူကုန်ကူးရန် ပြည်ပသို့ ပို့ ဆောင်သူ ဟိန်းမင်းဝေ (၂၁) နှစ် (ဘ)ဦးမြင့်ငွေအား အမှတ် ( ၆)လူကုန်ကူး တားဆီးနှိမ်နင်းရေး ဌာနစုမှ ဒုရဲမှူး မျိုးသိန်းမှ တရားလိုပြုလုပ်၍တိုင်တန်း ဖြင့် ရွှေပြည်သာမြို့မ ရဲစခန်းမှ  (ပ) ၈၉၈/ ၂၀၁၆ ပြည်ပ အလုပ်အကိုင် ဆိုင်ရာပြစ်မှုပုဒ်မ (၂၆)ဖြင့် အမှုဖွင့် အ ရေးယူဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရသည်။

စောမင်းဦး (ရွှေပြည်သာ)
http://www.narinjara.com/burmese
ထိုင်းသို့ ပို့ဆောင်မည့် မိန်းခလေးခုနှစ်ဦးနှင့် လူငယ်တစ်ဦးတို့ကို လူကုန်ကူးသူနှင့် အတူ ရွှေပြည်သာတွင် ဖမ်းမိ  ထိုင်းသို့ ပို့ဆောင်မည့် မိန်းခလေးခုနှစ်ဦးနှင့် လူငယ်တစ်ဦးတို့ကို လူကုန်ကူးသူနှင့် အတူ ရွှေပြည်သာတွင် ဖမ်းမိ Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.