ခွင့်ပြုချက်မရှိဘဲ ရန်ကုန်မြို့ရှိ ဗလီများတွင် တရားဟောသူ ပါကစ္စတန်နိုင်ငံသား(၂)ဦးအား ငွေဒဏ်နှင့် ပြည်နှင်ဒဏ်များချမှတ်


နေပြည်တော်၊ ဩဂုတ် ၁

ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က Thai Smile လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်လာသူ ပါကစ္စတန်နိုင်ငံသား Mr.Ahmad Zulfiqar(၆၃)နှစ်နှင့် ၎င်း၏သားဖြစ်သူ Ahmad Saifullah(၂၉)နှစ်တို့(၂)ဦးသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Green Hill ဟိုတယ်နှင့် Chatrium ဟိုတယ်များတွင် တည်းခိုပြီး ဇူလိုင်လ ၂၆၊ ၂၇၊ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ပန်းပဲတန်း၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတားမြို့နယ်များရှိ ဗလီများတွင် ခွင့်ပြုချက်မရှိဘဲ တရားဟောပွဲများ ပြုလုပ်နေကြောင်း သိရှိရသဖြင့် တာမွေမြို့နယ်၊ လဝက ဦးစီးမှူး ဦးမောင်မောင်ဌေးမှ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် တာမွေမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ခဲ့ရာ တာမွေမြို့မရဲစခန်းမှ(ပ)၅၇၈/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး တာမွေမြို့နယ်တရားရုံးသို့ အမှုစွဲတင်ခဲ့ရာ ဩဂုတ်လ(၁)ရက်နေ့(ယနေ့) မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် တာမွေမြို့နယ်တရားရုံးမှ ပါကစ္စတန်နိုင်ငံသား(၂)ဦးအား ပြစ်မှုထင်ရှားသဖြင့် ငွေဒဏ်(၁)သိန်းစီနှင့် ပြည်နှင်ဒဏ်များချမှတ် ခဲ့ပြီး ယနေ့ နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန် Thai Smile လေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ