ကျောက်မဲမြိုတွင် ၊ ပျောက်ဆုံးသွားသည့် ၅ တန်း ကျောင်းသားကို နမ့်စောင်းငေါင်းချောင်းအတွင်း သေဆုံးလျက်ပြန်လည်တွေ့ရှိ


ကျောက်မဲ၊ သြဂုတ် ၂၃ ။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ် ၅ ရပ်ကွက်နေ မောင်ဟိန်းထက်အောင် ( အထက ၁ - ပဉ္စမတန်း ) နေသည် သြဂုတ်လ ၂၂ ရက်နေ့ ညနေ၄း ၃၀ အချိန်လောက်က နေအိမ်မှပျောက်ဆုံးနေခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့တွင် သတင်းစုံစမ်းချက်အရ နမ့်စောင်းငေါင်းချောင်းရိုးတစ်လျှောက် မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့ရဲ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ ပူးပေါင်း၍ ရှာဖွေခဲ့ကြရာ နေ့လည် ၂း ၀၅ မိနစ်အချိန်တွင် နမ့်စောင်းငေါင်းချောင်း ၃ ရပ်ကွက် ရေခဲစက်အနီးရှိ ချောင်းထဲတွင် ရေနစ်သေဆုံးလျှက်ရှိကြောင်း တွေ့ရှိရသည်။

မင်္ဂလာထွန်း ( ကျောက်မဲ )
https://www.facebook.com/mingalar.htu
ကျောက်မဲမြိုတွင် ၊ ပျောက်ဆုံးသွားသည့် ၅ တန်း ကျောင်းသားကို နမ့်စောင်းငေါင်းချောင်းအတွင်း သေဆုံးလျက်ပြန်လည်တွေ့ရှိ  ကျောက်မဲမြိုတွင် ၊ ပျောက်ဆုံးသွားသည့် ၅ တန်း ကျောင်းသားကို နမ့်စောင်းငေါင်းချောင်းအတွင်း သေဆုံးလျက်ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 16:00 Rating: 5
Powered by Blogger.