မုန်တိုင်းအရှိန်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(facebook)
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံကို ၀င်ရောက်လာနိုင်တဲ့ အခြေအနေမရှိပေမယ့် မုန်တိုင်းအရှိန်ကြောင့် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးကျော်မိုးဦးက ပြောပါတယ်။

ရခိုင်ကမ်းရိုးတန်းတစ်လျှာက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊‌ သင်္ဘောတွေအနေနဲ့ သတိထားကြဖို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း မိုးကြီးနိုင်တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်လောက်ကစပြီး ဧရာဝတီ၊ ချင်းတွင်းနဲ့ င၀န်မြစ်ရေ ကြီးတာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ရေနစ်မြုပ်တဲ့ စိုက်ပျိုးမြေဧက ၄ သိန်းကျော်ရှိနေပြီး ဧက တစ်သောင်း ခြောက်ထောင်ကျော် ပျက်စီးသွားတယ်လို့ လယ်ယာမြေစီမံခန့်ခွဲရေး နဲ့ စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြစ်ရေမြင့်တက်မှုကြောင့် ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ရန်ကုန် စတဲ့ တိုင်းနဲ့ ပြည်နယ် ၈ခုမှာ ရေဘေးဒုက္ခရောက်နေသူ ၄သိန်းနီးပါးရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
မုန်တိုင်းအရှိန်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်  မုန်တိုင်းအရှိန်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင် Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.