ရှမ်းပြည်က သုံးလောင်းပြိုင် လူသတ်မှု တရားခံလို့ယူဆရသူ ကို ရဲတပ်ဖွဲ့ ဖမ်းဆီး

၂၃၊သြဂုတ်၊ရန်ကုန်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီကျေးရွာဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှုရဲ့  တရားခံလို့  ရဲတပ်ဖွဲ့ က ယူဆရသူကို ဖမ်းဆီးလိုက်ပြီလို့ ရှမ်းပြည်နယ်ရဲ့ တပ်ဖွဲ့ ရဲမှူးကြီး ဦးအောင်အောင်က ပြောပါတယ်။

တရားခံလို့ ယူဆရသူဟာ အသက် (၅၆ ) နှစ်အရွယ် ဦးအိုက်မောင်ခေါ် ဦးတိုးမောင်ဖြစ်ပြီး လဲချားမြို့ မှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် အသတ်ခံရတဲ့ အသက် ၃၈နှစ်အရွယ်အမျိုးသမီးဟာ လည်းလဲချားမြို့ဇာတိဖြစ်ပြီး လူမူရေးအရ ညှိစွန်းခဲ့ကြဖူးတယ်လို့ရဲတပ်ဖွဲ့က တွေ့ရှိထားတယ်လို့သိရပါတယ်။
” ရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်ဖော်ထုတ်တဲ့ အချိန်ကစပြီး ၃၈ နာရီအကြာမှာ တရားခံကို ရသွားပါပြီ“ လို့  ရဲမှူးကြီး ဦးအောင်အောင်က ပြောပါတယ်။


တောင်ကြီးမြို့နယ်တောင်နီကျေးရွာနေ အသက်၃၈နှစ်အရွယ် အမျိုးသမီး၊သမီးဖြစ်သူ ၁၂နှစ်အရွယ် မိန်းကလေးငယ်နဲ့ တူဖြစ်တဲ့အသက် ၁၀နှစ် အရွယ် ကလေးတစ်ဦး စုစုပေါင်းသုံးဦးဟာ သူတို့ရဲ့နေအိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သြဂုတ်လ ၂၁ရက်နေ့ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Author/ အေးအေးအောင်
Kumudra
https://www.facebook.com/newsKumudra
ရှမ်းပြည်က သုံးလောင်းပြိုင် လူသတ်မှု တရားခံလို့ယူဆရသူ ကို ရဲတပ်ဖွဲ့ ဖမ်းဆီး  ရှမ်းပြည်က သုံးလောင်းပြိုင် လူသတ်မှု တရားခံလို့ယူဆရသူ ကို ရဲတပ်ဖွဲ့ ဖမ်းဆီး Reviewed by THITHTOOLWIN on 16:25 Rating: 5
Powered by Blogger.