ယာဉ်ထိန်းအဖွဲ့ ကို ငွေငါးသိန်းနဲ့ ခြိမ်းခြောက်တဲ့ ဆိုင်ကယ်ပိုင်ရှင် အမှု့ ဖွင့် ခံရ


သြဂုတ်လ ၂၃။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ယာဉ်စည်းကမ်းလမ်း စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့မှ စည်းကမ်းမဲ့ယာဉ်များအား သြဂုတ်လ (၂၃)ရက်နေ့ က ဖမ်းဆီးအရေးယူတဲ့နေရာမှာ ဆိုင်ကယ်ပိုင်ရှင်တစ်ဦး၏ တရားမဝင်ဥပဒေမဲ့ပြောဆိုမှုကြောင့် တာဝန်ရှိသူတွေအားလုံး ကျေနပ်မှုမရှိသဖြင့် ယာဉ်ထိမ်းတာဝန်ခံမှ တရားလိုပြုလုပ်၍ အမှုဖွင့်လိုက်ပါပြီ။


ဆိုင်ကယ်ပိုင်ရှင်မှ ဆိုင်ကယ်မောင်းနှင် လာသော သူ့တပည့်များကို ဖုန်းဖြင့်ဆိုင်ကယ်အား ဖမ်းဆီးသည့်နေရာတွင် ထားခဲ့ရန်ပြောဆိုခဲ့သလို တာဝန်ရှိသူများကိုလည်း ဖုန်းဖြင့် မိမိဆိုင်ကယ်တူးဘောက်အတွင်း ငွေငါးသိန်းရှိကြောင်းပြောဆိုကာ အဆိုပါငွေငါးသိန်းပျောက်ဆုံးပါက ဆိုင်ကယ်ဖမ်းသူ၏ တာဝန်သာဖြစ်ကြောင်းပြောဆိုသောကြောင့် တာဝန်ရှိသူများမှ နောက်အဖုံးအား အသိသက်သေများရှေ့မှောက်တွင် ဖွင့်ကြည့်ရာငွေ ၆၂၅ဝကျပ်နှင့်အတူ အခြားပစ္စည်းများကိုသာတွေ့ရှိခဲ့သည့်အတွက် တာန်ဝတ္တရားနှောက်ယှက်မှု လိုင်စင်မဲ့ ဆိုင်ကယ် လက်ဝယ်ထားရှိမှု စသောပုဒ်မများဖြင့် ယခုလိုအမှုဖွင့်ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Phoe Zaw
ယာဉ်ထိန်းအဖွဲ့ ကို ငွေငါးသိန်းနဲ့ ခြိမ်းခြောက်တဲ့ ဆိုင်ကယ်ပိုင်ရှင် အမှု့ ဖွင့် ခံရ ယာဉ်ထိန်းအဖွဲ့ ကို ငွေငါးသိန်းနဲ့ ခြိမ်းခြောက်တဲ့ ဆိုင်ကယ်ပိုင်ရှင် အမှု့ ဖွင့် ခံရ Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.