မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိနဂါးပွတ်တောင်သည် ဘြဂုတ် ၂၄ရက်က ငလျင်လှုပ်ခတ်မှုအပြီး မီသိန်းဂက်စ် ဓါတ်ငွေ့ထွတ်ရှိမှု ရပ်တန့် သွားခြင်းကြောင့် မူလအခြေနေနှင့်မတူဘဲ အပြောင်းအလဲ ဖြစ်လာသည်ဟု မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာ မျိုးမင်းထွန်းက စောင့်ကြည့်ဂျာနယ်သို့ ပြောကြားသည်။
‘’ရွှံ့မီးတောင်ဆိုတာ အခေါ်အဝေါအရသာ ရွှံ့မီးတောင်လို့ခေါ်တာ တကယ်တမ်းကျတော့ အောက်မှာရှိတဲ့ ချော်ရည်ပူတွေ ကျောက်ရည်ပူတွေနဲ့ မဆိုင်ဘူး မီသိမ်းဂက်စ်ကြောင့် မီသိမ်းဓာတ်ငွေ့ကြောင့် ဖြစ်တာ ပါ။
အဲ့ဒါကြောင့် အက်ကြောင်းတွေထဲက မီသိမ်းဓာတ်ငွေ့တွေ ထွက်လာတာ၊ အက်ကြောင်းအတိုင်း ထွက်လာတဲ့ မီသိမ်းဓာတ်ငွေ့တွေဟာ မြေအောက်ရေတွေကို ဖြတ်ပြီး ထွက်ရတယ်၊ မြေအောက်ရေကို ဖိအားနဲ့ ဖြတ်လာတဲ့အချိန်မှာ ရွှံ့တွေကိုသယ်လာခဲ့ပြီး အပေါ်ကိုပြန်ထွက်တာပါ၊ ဒီလိုငလျင်လှုပ်လိုက်တော့ ဂတ်ထွက်နိုင်တဲ့ လမ်းကြောင်းပိတ်သွားတာပေါ့၊ ပြန်ထွက်လာမယ်လို့ ’ဟု မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာ မျိုးမင်းထွန်းက စောင့်ကြည့်သို့ အတည်ပြုပြောဆိုသည်။
အဆိုပါ နဂါးပွတ်တောင်ဟု ခေါ်သော ရွှံ့မီးတောင်သို့ နှစ်စဉ်နိုင်ငံတကာခရီးသွားနှင့် ပြည်တွင်းခရီးသည် သိန်းချီလာရောက်ကြောင်းနှင့်ခရီးသွား ရာသီဖြစ်သော စက်တင်ဘာလမှ တန်ခူးလအထိ လာရောက်လည်ပတ် သူများပြားခဲ့သည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ငလျင်လှုပ်ခတ်မှုအပြီး မင်းဘူးနဂါးပွတ်တောင် အပြောင်းအလဲဖြစ်ပေါ်ခဲ့
Reviewed by THITHTOOLWIN
on
18:02
Rating:
