လင်မယားအဖြစ် ပြုမှုဆက်ဆံပုံများအား ဆက်သွယ်ရေး လူမှု ကွန်ယက်ပေါ်တင်သည့် ခင်ပွန်းဟောင်းအား တိုင်ကြားအမှုဖွင့်


မြို့သစ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ၎င်း၏ခင်ပွန်းဟောင်းမှပေါင်း သင်းနေစဉ်ကာလက လင်မယားအဖြစ်ပေါင်းသင်း ဆက်ဆံပုံ ဗွီဒီယိုဖိုင်များအား လူမှုကွန်ယက်တွင် တင်ခဲ့မှုနှင့်ပက်သက်၍ တိုင်ကြားအမှုဖွင့်ခဲ့မှု သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်၊ မကြီးကုန်းကျေးရွာနေ မ-----သည် ၂၀၁၅ခုနှစ် ဒီဇင်ဘာလပိုင်းတွင်
ခင်ပွန်းဖြစ်သူအောင်မျိုးထွန်း၊ မကြီးကုန်းကျေးရွာ၊မြို့သစ်မြို့နယ်နေသူ နှင့်အတူ တရုတ်နိုင်ငံ၊ ကျင်းယုံမြို့သို့သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင်ခင်ပွန်းဖြစ်သူအောင်မျိုးထွန်းမှာ ရွာသို့ ပြန်သွားခဲ့၍ မ-------အား တရုတ်ပြည်တွင်နေခဲ့ရန် ပြောသဖြင့် တစ်ရွာတည်းနေသူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ကိုင်ပြီး နေခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်ဇွန် ၅ ရက်တွင် မ------မှ ရွာသို့ ပြန်လည်ရောက်ရှိစဉ် အောင်မျိုးထွန်းမှ တရားလိုအား တရုတ်နိုင်ငံတွင် အခြားသူတစ်ဦးနှင့် ဖောက်ပြန်ကြောင်း စွပ်စွဲသဖြင့် မ-----မှမဟုတ်ကြောင်းပြောဆို သော်လည်းယုံကြည်မှု မရှိသဖြင့် အတူပေါင်းသင်းနေထိုင်ခြင်းမရှိပဲ နှစ်ဖက်မိဘများနေအိမ်သို့ပြန်လည်နေထိုင်ခဲ့ရာ ဇွန် ၈ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် မ-----မှာ မိဘများနေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်အောင်မျိုးထွန်းမှာ အရက်မူးကာရောက်ရှိလာပြီး မ------အားအခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ကြောင်းထပ်မံစွပ်စွဲ ပြောဆိုနေသဖြင့် မဟုတ်ကြောင်း သက်သေခေါ်ပေးမည်ဖြစ်ကြောင်းပြန် လည်ပြောဆိုရာ အောင်မျိုးထွန်းမှ သက်သေခေါ်ပေးစရာမလိုကြောင်းငါခိုင်း တာလုပ်မည်ဆိုလျှင်ယုံကြည်မည်ဖြစ်ကြောင်းပြောဆိုပြီး မ------အား လင်မယားအဖြစ်နေထိုင်ရန် ပြောဆိုကာ၎င်းတို့နှစ် ဦးလင်မယားအဖြစ်ပြုမူဆက်ဆံနေသည်ကို အောင်မျိုးထွန်းမှ ဟာဝေးအမျိုးအစား လက်ကိုင်ဖုန်းဖြင့် ရိုက်ခဲ့ကြောင်း၊ မ-----မှ မရိုက်ရန်ပြောသော်လည်း အောင်မျိုးထွန်းမှ ဆက်လက် ဗွီဒီယိုရိုက်နေခဲ့သဖြင့်အတင်းရုန်းကန်ထစဉ် အောင်မျိုးထွန်း၏ လက်ထဲရှိဖုန်းမှာလွှတ်ကျသွားသဖြင့်ကြည့်လိုက်ရာ ၄င်းရိုက်ထားသော ဗွီဒီယိုအားတွေ့မြင်ရပြီးဖုန်းအား လုယူစဉ် အောင်မျိုးထွန်းမှ အိမ်နီးချင်းဖြစ်သူဦးဘိုကြင်၏နေအိမ်ခြံဝန်းအတွင်းသို့ လွှင့်ပစ်လိုက်ရာမ----မှ လိုက်ကောက်ရန် ပြုသော်လည်းအောင်မျိုးထွန်းမှ ဖုန်းအားဦးစွာ ကောက်ယူကာ ၄င်း၏ မိဘများနေအိမ်သို့ပြန်သွားခဲ့ကြောင်း၊ မ------မှ ဖုန်းအားလိုက်တောင်းခဲ့ရာ အောင်မျိုးထွန်းမှမပေးသဖြင့် ဇွန် ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးထံသွားရောက်တိုင်တန်းခဲ့ပြီး ၄င်းတို့မှာ ပေါင်းသင်းနေထိုင် ခြင်းမရှိတော့ဘဲ ဇွန် ၃၀ ရက်တွင် ရှေ့နေ ဦးဌေးမြင့်ဝင်းထံတွင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြောင်း၊ သြဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မ-----၏ညီမဖြစ်သူ မသူဇာလင်းမှ မ------၏ ဓါတ်ပုံနှင့် Hmone Shwe အကောင့်တွင် ဗွီဒီယိုဖိုင်တွေ တင်ထားတာတွေ့ရတယ်ဟု ဖုန်းဆက်ပြောသဖြင့် တစ်ရွာတည်းနေ ညီညီ၏ ဖုန်းဖြင့် ရှာဖွေကြည့်ခဲ့ရာ ဇွန် ၈ ရက် ညက မ-----နှင့်အောင်မျိုးထွန်းတို့လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံနေထိုင်စဉ်အောင်မျိုးထွန်းရိုက်ကူးထားသောဗွီဒီယို ဖိုင်များ ဖြစ်ကြောင်းနှင့် အဆိုပါ HmoneShwe အကောင့်မှာ ခင်ပွန်းဖြစ်သူအောင်မျိုးထွန်း အသုံးပြုသောအကောင့်ဖြစ်ကြောင်း သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ခဲ့သည်များကို ခွင့်ြ့ပုချက်မရှိဘဲ ဖုန်းဖြင့် ဗွီဒီယိုရိုက်၍ ဆက်သွယ်ရေး ကွန်ယက်ပေါ်သို့တင်ကာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြုလုပ်သူ အောင်မျိုးထွန်းအား အရေးယူပေးပါရန် မ----မှ သြဂုတ် ၂၀ ရက်တွင်တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၃၀၈ /၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ)ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လင်မယားအဖြစ် ပြုမှုဆက်ဆံပုံများအား ဆက်သွယ်ရေး လူမှု ကွန်ယက်ပေါ်တင်သည့် ခင်ပွန်းဟောင်းအား တိုင်ကြားအမှုဖွင့်  လင်မယားအဖြစ် ပြုမှုဆက်ဆံပုံများအား ဆက်သွယ်ရေး လူမှု ကွန်ယက်ပေါ်တင်သည့် ခင်ပွန်းဟောင်းအား တိုင်ကြားအမှုဖွင့် Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.