ယနေ့ ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အထက-မင်းပြား (၂)ထပ်ဆောင် အုတ်နံရံ ၂ ကွင် ပြိုကျ


မင်းပြား (Aug 24, 2016)

၂၀၁၆ ခု သြဂုတ်လ ၂၄ ရက် ယနေ့ ညနေ ၅း၀၅ နာရီ အချိန်ခန့်က အင်အား ၆.၈ ရစ်ခ်ျတာစကေးရှိသည့် အင်အား ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်ဒဏ်ကြောင့် ရခိုင်ပြည် မြောက်ဦးခရိုင် မင်းပြားမြို့ရှိ အထက-မင်းပြား ၂ -ထပ် ကျောင်းဆောင် အုတ်နံရံ ၂ ကွင် ပြိုကျခဲ့ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ သွပ်မိုး အုတ်ညှပ် ၂ ထပ် ကျောင်းဆောင်၌ နေရာတော်တော်များများ အက်ကွဲရာများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

မင်းပြားမြို့နယ်၌ အထက-မင်းပြား ၂-ထပ် ကျောင်းဆောင်အပြင် အခြား ကျောင်းဆောင်အချို့လည်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတစ်ချို့ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ကနဦးသတင်းရယူ မေးမြန်းချက်အရ သိရသည်။

နောက်ထက်သိရှိရပါက ပျက်စီးမှုစာရင်းကို ဆက်လက်တင်ပေးမည်။

မင်းပြား - သတင်း
24 . 08 . 2016
Photo: Ko Zaw Thant
https://www.facebook.com/mongbranews/
ယနေ့ ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အထက-မင်းပြား (၂)ထပ်ဆောင် အုတ်နံရံ ၂ ကွင် ပြိုကျ  ယနေ့ ပြင်းထန်စွာလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အထက-မင်းပြား (၂)ထပ်ဆောင် အုတ်နံရံ ၂ ကွင် ပြိုကျ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.