နီပေါရဟတ်ယာဉ်တစ်စီး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ၊ ၄င်းလေယာဉ်ပေါ်၌ လူ၆ဦးလိုက်ပါလာခဲ့


    ခတ္တမန္ဒူ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

    နီပေါကုမ္ပဏီတစ်ခုဖြစ်သည့် Fishtail Air လေကြောင်းလိုင်းမှ ရဟတ်ယာဉ်တစ်စီးသည် သြဂုတ် ၈ရက် နေ့လည်ပိုင်း တွင်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ကုမ္ပဏီမှ တာဝန်ရှိသူများက ၄င်းတို့၏ ရဟတ်ယာဉ် 9N-AKA နှင့် ဒေသစံတော်ချိန် နေ့လည် ၁နာရီ ကတည်းက အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း နှင့် ယင်း ရဟတ်ယာဉ်သည် Gorkha ခရိုင်မှ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူသို့ ပျံသန်းနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Yadav Koirala က Fishtail Air လေကြောင်းလိုင်းမှ ပေးပို့သည့် သတင်းအချက်အလက်များအရ အဆိုပါ ရဟတ်ယာဉ်ပေါ်၌ လူ ၆ဦးလိုက်ပါလိုက်ပါလာကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

9N-AKA ရဟတ်ယာဉ်သည် ငလျင်ဒဏ်ခံခဲ့ရသည့် Gorkha ခရိုင်မှ လူနာများအား ဆေးကုသရန်အတွက် ခတ္တမန္ဒူသို့ ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
နီပေါရဟတ်ယာဉ်တစ်စီး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ၊ ၄င်းလေယာဉ်ပေါ်၌ လူ၆ဦးလိုက်ပါလာခဲ့  နီပေါရဟတ်ယာဉ်တစ်စီး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ၊ ၄င်းလေယာဉ်ပေါ်၌ လူ၆ဦးလိုက်ပါလာခဲ့ Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.