မြောင်းမြမြို့နယ်အတွင်း ဓါတ်လိုက်သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွား


ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာတွင် သြဂုတ်၂၂ရက် ညနေ၆း၃ဝအချိန်ခန့်၌်ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပြီး၊ သြဂုတ်၂၃ရက်ဝဝး၁ဝနာရီ အချိန်ခန့်တွင် အဝေးပြေးကားဝန်းလုပ်ငန်းခွင်အတွင်း ဒုတိယအကြိမ် ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ရှမ်းရေကျော်ကျေးရွာနေ ဦးကျော်မင်း၏ သမီး ၇နှစ်တန်းကျောင်းသူ မသက်သက်ကျော် ဓါတ်လိုက်နေတာကို တွေ့ရှိသဖြင့် ထော်လာဂျီရေဆေးနေသော မောင်သန်းစိုးမှ သွားရောက်ကူညီခဲ့ရာ မသက်သက်ကျော်မှာအသက်ဘေးမှ လွှတ်မြှောက်ခဲ့ပြီး ကူညီသူ မောင်သန်းစိုး အသက်ဆုံးရှုံးခဲ့ရပါတယ်။

 မြကန်သာရပ်ကွက် အဝေးပြေးကားဝန်း လုပ်ငန်းခွင်အတွင်း ပစ္စည်းများ လိုက်လံသိမ်းစဉ် ဝရိန်ပုံးအား နှစ်ယောက်မရာမှ ဝင်ရောက်ကူညီသူ အဖဦးစန်းအောင်၏သား ကိုအောင်ကိုမြင့် ၃၇နှစ်မှာ နေရာတွင် ဓါတ်လိုက်သေဆုံးသွားခဲ့ပါတယ်။

မြို့မရဲစခန်းမှသေဆုံးသူ မောင်သန်းစိုး အား သေမှုသေခင်းအမှတ်စဉ် ပ၃၂အရ၎င်း၊ ကိုအောင်ကိုမြင့်အား သေမှုသေခင်း အမှတ်စဉ် ပ၃၃ အရ၎င်း၊ ရေးဖွင့်ပြီး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။

Phoe Zaw
မြောင်းမြမြို့နယ်အတွင်း ဓါတ်လိုက်သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွား  မြောင်းမြမြို့နယ်အတွင်း ဓါတ်လိုက်သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွား Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.