ကျောက်မဲမြို့နယ် ပင်တိန်ရွာမှာ လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိ
အဆိုပါ နေအိမ်အတွင်း လှသောင်းနှင့်အတူ နန္ဒိ နှင့် လှအောင် တို့အား တွေ့ရှိခဲ့ရပြီး လှသောင်း အိပ်ခန်းအတွင်းမှ M-22 သေနတ် ၁ လက်၊ ၄င်းကျည် ၆၀တောင့်၊ ကျည်ဘောက်စ် ၂ ခုတို့အားလည်းကောင်း၊ ကျန်အိပ်ခန်း ၁ ခုအတွင်းမှ M-22 သေနတ်တလက်၊ ၄င်းကျည် ၅၆တောင့်၊ ကျည်ဘောက်စ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး အမျိုးအစား ( စိစစ်ဆဲ) ဒီတိုနေတာ ၂ချောင်း၊ အိုက်ကွန်စကားပြောစက် ၂ လုံးနှင့် နေအိမ်ခြံဝင်းအတွင်းမှ 2C-5567 CRVအမျိုးအစား အနက်ရောင် နောင်တော်ယာဉ်တစီးတို့ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် နံနက် ၆နာရီ ၄၅ ခန့်တွင် တရွာတည်းနေ ဒေါ်အေးငွေ ၏ နေအိမ်အား ရှာဖွေဝရမ်းဖြင့် ဆက်လက်ရှာဖွေရာ ဒေါ်အေးငွေ၏ခန္ဓာကိုယ်ပေါ်မှ အအေးစုတ်ပိုက်ငယ် ၄ ခုဖြင့် ထည့်သွင်းထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြာ၂၈ပြား ၊ ကာလတန်ဘိုးငွေကျပ် ၅၆၀၀၀ အားရှာဖွေတွေ့ရှိခဲ့ပါသည်။
အဆိုပါတရာခံများအား သက်ဆိုင်ရာအမှုအလိုက်အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
သော်တာထိုက် (လားရှိုး)
Lashio News
ကျောက်မဲမြို့နယ် ပင်တိန်ရွာမှာ လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိ  ကျောက်မဲမြို့နယ် ပင်တိန်ရွာမှာ လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.