ဓားရှည်သုံးချောင်း နဲ့ နယ်ထိန်းရဲအဖွဲ့ကို တိုက်ခိုက်သူ ဖမ်းဆီးမိ

ဓားရှည်သုံးချောင်းကိုင်ဆောင် ရန်ပြုလာသူတစ်ဦးအား ဒလမြို့မရဲစခန်းနယ်ထိန်းအဖွဲ့ လုံးထွေးဖမ်းဆီးလိုက်ရ

ရန်ကုန်တောင်ပိုင်းခရိုင် ဒလ မြို့နယ် ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှ ဒုရဲအုပ်မြတ်ခိုင်ဦးနှင့် တပ်ဖွဲ့ဝင် သုံးဦးတို့ နယ်ထိန်းအဖွဲ့သည် သြဂုတ်လ (၂၈)ရက်နေ့ည ၁၁နာရီခွဲက မီးတန်း ယာဉ်(၃ဝ၂)ဖြင့် နယ်မြေလှည့်ကင်း ဆောင်နေစဉ် ညောင်တုန်းရပ်ကွက် ဧရာဝတီလမ်းဘေးတွင် အရက် ထိုင်သောက်နေသူက လမ်းသွား လာနေသူတစ်ဦးအား အရက်ပုလင်း ဖြင့်ပစ်ပေါက်၍ ရန်စကြောင်း သတင်းအရ သွားရောက်ဆောင် ရွက်ခဲ့ကြသည်။

အဆိုပါရပ်ကွက်လမ်းအရောက် တွင် အာကာ(ခ)ဂျွိုင်း (၂၁နှစ်) အမှတ်-(၅/၈၆၉) မြစ်သာလမ်း ညောင်ကုန်းရပ်ကွက်နေသူအားတွေ့ ရှိ၍ စစ်ဆေးမေးမြန်းစဉ် ဆူပူ အော်ဟစ်သောင်းကျန်းပြီး အနီးရှိ နေအိမ်ပေါ်မှ ဓားရှည်သုံးချောင်း ကိုင်ဆောင်၍ ရန်ပြုရန်ပြေးလာ သဖြင့် နယ်ထိန်းအဖွဲ့က လုံးထွေး ဖမ်းဆီးလိုက်ရသည်။

ထို့နောက်ညောင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှင်၊ဦးစော နိုင်တို့ သက်သေများရှေ့တွင် အာကာ (ခ)ဂျွိုင်းထံမှ ဓားသွား ၂၇ လက်မ၊ အစိမ်းရောင်လက် ကိုင်ရိုး ခုနစ်လက်မ၊ (အရိုးအသွား ၃၄လက်မ)နှင့်ဓားသွား ၂၃လက်မ၊ ကြေးကွပ်လက်ကိုင်ရိုးခုနစ်လက်မ၊ (အရိုးအသွား လက်မ ၃ဝခန့်)ရှိ ငှက်ကြီးတောင်ဓားရှည်နှစ်ချောင်း၊ ဓားသွား ၁၉ လက်မ အမည်း ရောင်လက်ကိုင်ရိုး ကိုးလက်မ၊ (အရိုးအသွား ၂၈လက်မ)ခန့်ရှိ ဂျပန်ကင်တိုဓားရှည် တစ်ချောင်း၊ စုစုပေါင်း ဓားရှည် သုံးချောင်းအား ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ထိုအမှုကို ဒလမြို့မရဲစခန်းမှ ဒုရဲအုပ်စိုးပိုင်က လမ်းပေါ်တွင် ဓားရှည်သုံးချောင်းဖြင့် ကိုင်ဆောင် ရမ်းကားခဲ့သူ အာကာ(ခ)ဂျွိုင်း အား (ပ) ၅ဝ၃/၂ဝ၁၆ လက် နက်ပုဒ်မ ၁၉(င)ဖြင့် ဖမ်းဆီးအ ရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဌေး(ဒလ)
The Union Daily
http://uniondaily.net
ဓားရှည်သုံးချောင်း နဲ့ နယ်ထိန်းရဲအဖွဲ့ကို တိုက်ခိုက်သူ ဖမ်းဆီးမိ  ဓားရှည်သုံးချောင်း နဲ့ နယ်ထိန်းရဲအဖွဲ့ကို တိုက်ခိုက်သူ ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.