ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ခဲ့သည့် ကျောင်းသားခြောက် ဦးအနက်သုံး ဦးအား ရှာမတွေ့သေး


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအနီး သြဂုတ် ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် ချင်းတွင်းမြစ်ကမ်းနံဘေးတွင် ရေဆင်းချိုးရာမှ ရေနစ်ခဲ့သည့် ကျောင်းသား/သူ ခြောက် ဦးအနက် သုံး ဦးအား ရှာမတွေ့သေးကြောင်း သိရှိရသည်။

 ရေနစ်သူများထဲမှ မောင်အောင်နိုင်ဝင်း၊ မောင်ဝဏ္ဏအောင်၊ မသီရီဟန်တို့ သုံး အား ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံး ခဲ့သည့် မမြတ်သဉ္စာစိုး၊ မနန်းဆုကျော်၊ မောင်မျိုးနိုင်ဝင်းတို့ သုံး ဦးအား ရှာမတွေ့သေးကြောင်း သိရသည်။
“ကျွန်တော်တို့က အခုထိ ရှာလို့ မတွေ့သေးဘူးဖြစ်နေတယ်။ မနေ့ကလည်း ရှာနေတယ်။ ညကလည်း ရှာနေတယ်။ ဒီနေ့လည်း ဆက်လက်ရှာဖွေနေတယ်။ အခုထိ မတွေ့ဘူးဖြစ်နေပါတယ်။”ဟု ယင်းမာပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။


 ပျောက်ဆုံးသွားသည့် ကျောင်းသူ/သားများမှာ မုံရွာမြို့ အစိုးရ နည်းပညာအထက်ကျောင်း GTHS မှဖြစ်ပြီး အသက် (၁၈)နှစ်မှ အသက်(၁၉)နှစ်အရွယ်ရှိသူများဖြစ်ကြောင်း သိရသည်။
 “မြို့နယ်မီးသတ်အဖွဲ့တွေရော၊ ကယ်ဆယ်ရေးအဖွဲ့တွေရော၊ အရပ်ဖက်က လူမှုအဖွဲ့အစည်းတွေရော အင်တိုက် အားတိုက် ရှာဖွေနေတာပါ။ သူတို့ ရေနစ်သွားတဲ့ နေရာက ဝဲရှိတယ်။ အဲဒီဝဲက ရေအနစ်ပေက လည်းများတယ်။ ဝဲထဲရောက်သွားလို့ ရှာမတွေ့သေးတာဖြစ်ပါလိမ့်မယ်။”ဟု ယင်းမာပင်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးအောင်ဇော်မိုးက ပြောသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားခြင်း မရှိသေးကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ခဲ့သည့် ကျောင်းသားခြောက် ဦးအနက်သုံး ဦးအား ရှာမတွေ့သေး  ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ခဲ့သည့် ကျောင်းသားခြောက် ဦးအနက်သုံး ဦးအား ရှာမတွေ့သေး Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.