ညောင်ဦးမြို့နယ် ရေကြီး


ညောင်ဦးမြို့၏ ဧရာဝတီမြစ်ရေမှာ (၂၀၀၄)ခုနှစ် အမြင့်ဆုံးမြစ်ရေစံချိန် ရေမှတ် အား ချိုးဖြတ်၍ ဆက်လက်မြင့်တက်လျက်ရှိ

ညောင်ဦး သြဂုတ် ၂

ညောင်ဦးမြို့၏ ဧရာဝတီမြစ်ရေ အခြေအနေသည် ယနေ့ နေ့လည် ၁၂နာရီ တိုင်းထွာချက် အရ (၂၂၈၅) စင်တီ မီတာသို့ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေ အမှတ်မှာ (၂၁၂၀)စင်တီမီတာဖြစ်ရာ စိုးရိမ်ရေ မှတ်ထက် (၁၆၅) စင်တီမီတာ ကျော် လွန်မြင့်တက်လျက်ရှိကြောင်း သိရသည်။


“၂၀၀၄ခုနှစ်က ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ (၂၂၆၃)စင်တီမီတာ ကို ရောက်ရှိခဲ့ပါတယ်၊ ၂၀၀၄ခုနှစ်ရဲ့ ရေအမှတ်ဟာ နှစ်(၅၀)အတွင်းမှာ အမြင့်ဆုံး အဖြစ် စံချိန်တင်ထားပါတယ်၊ အခု ၂၀၁၆ခုနှစ် မှာတော ၂၀၀၄ က စံချိန်ကိုချိုးသွားပါပြီ၊ အခုရေအမှတ်က (၂၂၈၅)ကိုရောက်ရှိနေပါပြီး” ဟု ညောင် ဦး မြို့နယ် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး က ပြောပြသည်။


မြစ်ရေအဆမတန်မြင့်တက်မှုကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်လယ် ကျွန်းကျေးရွာများ၊ မြစ်ကမ်း နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူနေအိမ်များ ရေလွတ်ရာ ဘုန်းတော်ကြီး ကျောင်း များသို့ ပြောင်းရွေ့နေထိုင် လျက်ရှိကြောင်း၊ ယင်းသို့ပြောင်းရွေ့နေထိုင်ရာသို့ ဌာနဆိုင်ရာအချို့ နှင့် လူမှုရေး အသင်းအဖွဲ့များမှ ကယ်ဆယ်ရေး ပစ္စည်းများလာရောက် လှူဒါန်း မှုများပြု လုပ်လျက်ရှိပြီး၊ ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှလည်း အဆိုပါ ဘုန်းတော်ကြီးကျောင်းများတွင် ဆေးပေးခန်းများဖွင့်လှစ်၍ ကျန်းမာ ရေး
စောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ညောင်ဦးမြို့နယ် ရေကြီး ညောင်ဦးမြို့နယ် ရေကြီး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.