စမ်းချောင်း ခတ္တာလမ်းအတွင်း ဓားထောက်လုယူသူအား ဖမ်းမိ


ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် သီရိခေမာ ရပ်ကွက် ခတ္တာလမ်း အတွင်း လမ်းလျှောက်လာသူ အမျိုး သမီး တစ်ဦး ထံမှ ဇွန် ၂၇ ရက် နံနက် ၆ နာရီက ရွှေဆွဲကြိုးတစ်ကုံး၊ ငွေကျပ် ၃၈၀၀၀၀နှင့် လက်ကိုင် ဖုန်းတစ် လုံးတို့ကို လုယူ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်။

လုယူ ထွက်ပြေးသွားသူအား စမ်းချောင်းမြို့နယ် မြို့မရဲတပ်ဖွဲ့ဝင်များ က တိုင်းဒေသကြီးနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ ဖမ်းဆီးနိုင်ရေး အတွက် ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၉ ရက် နံနက်က တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာ အတွင်း ဖမ်းမိနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ အား မှုခင်းဖြစ်ပွား ရာအပိုင် စမ်းချောင်း မြို့မရဲစခန်းသို့ နံနက်ပိုင်းတွင် လာရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ ကြည့်မြင်တိုင် မြို့နယ် အလတ်ချောင်းရပ်ကွက် နေထိုင်သူ မောင်ဇော်(ခ)ကိုဇော်(၃၄ နှစ်) ဖြစ်သည်။ ယင်းပြစ်မှုကျူးလွန်သူမှာ ပြီးခဲ့သော ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီက စမ်းချောင်းမြို့နယ် နန္ဒဝန်ဈေး အနီးတွင် အရှည်ကြီး(ခ)ဇော်မင်းဦး အား ဓားဖြင့်ထိုးခုတ်ထွက်ပြေးမှုဖြင့် အလိုရှိ နေသော ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း စမ်းချောင်းမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ပြစ်မှုကျူးလွန်သူအား ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် စမ်းချောင်းမြို့နယ် မြို့မရဲတပ်ဖွဲ့က အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စမ်းချောင်း ခတ္တာလမ်းအတွင်း ဓားထောက်လုယူသူအား ဖမ်းမိ  စမ်းချောင်း ခတ္တာလမ်းအတွင်း ဓားထောက်လုယူသူအား ဖမ်းမိ Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.